Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက မိုဘိုင်းအင်တာနက်​စျေးနှုန်း နှစ်ဆမြှင့်တင်ရန် ​အော်ပ​ရေတာ​များကို ညွန်ကြား

“Digital Strikeတို့ ၊ အွန်လိုင်းကမ်ပိန်းတို့ကို အင်အားလျော့အောင်လုပ်ချင်ပဲ။ ဒါကလူတွေ အင်တာနက်မသုံးနိုင်အောင် လုပ်တာပါပဲ”ဟု တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မိုဘိုင်းအင်တာနက်ဈေးနှုန်းကို နှစ်ဆမြှင့်တင်ရန် မိုဘိုင်းအော်ပရေတာကုမ္ပဏီများထံ ညွန်ကြားခဲ့ကြောင်း မိုဘိုင်းအော်ပ ရေတာကုမ္ပဏီများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနှင့် မိုဘိုင်းအင်တာနက်ဈေးနှုန်းများကိုပြောင်းလဲသတ်မှတ်သွားမည်ဟု မိုဘိုင်းအော်ပရေကုမ္ပဏီများက သုံးစွဲသူများထံ ဒီဇင်ဘာ၂ ရက် ညနေပိုင်းကစပြီး စာတိုမက်ဆေ့များပေးပို့လာသည်။

မိုဘိုင်းအင်တာနက် ၉၅၀MBကို ၉၉၉ကျပ် ဝယ်ယူထားပါက သက်တမ်းကုန်ဆုံးသည်အထိ ထိုနှုန်းများအတိုင်းအသုံးပြုနိုင်မည်ဟု အော်ရီဒူးမိုဘိုင်းအော်ပရေတာကုမ္ပဏီက သုံးစွဲများကို အသိပေးစာပေးပို့ထားကြောင်း ဖုန်းသုံးဆွဲသူများက ​ပြောသည်။ ​ဈေးနှုန်းမြှင့်မည့်နှုန်းအသစ် မှာ ၉၉၉ ကျပ်လျှင် မိုဘိုင်းအင်တာနက် 500MBသာရရှိနိုင်တော့မည်ဟု မိုဘိုင်းအော်ပရေတာကုမ္ပဏီဝန်ထမ်းများက ​ပြော သည်။ ထို​ကြောင့် ​ဈေးနှုန်း နှစ်ဆခန့် မြှင့်တင်လိုက်ခြင်းဖြစ်သည်။ ​ဈေးနှုန်းတိုးမြှင့်ခြင်းကို ဒီဇင်ဘာ ၇ ရက်တွင်စတင်မည်ဟုလည်းသိ့ရသည်။

သို့​သော် ဖုန်း​ခေါ်ဆိုခ မည်မျှ​ဈေးတက်မည်ကိုမူမသိ့ရ​သေး​ပေ။

Public Service Announcement

Public Service Announcement

အရပ်သားအစိုးရလက်ထက်တွင် မိုဘိုင်းအင်တာနက် 1G( 1 G လျှင် 1024 MB ရှိသည် ) ကျော်ကို တစ်ထောင်ကျပ်ဖြင့်ဝယ်ယူနိုင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက 950MBကို ၉၉၉ကျပ် သို့ ဈေးတက်ရန် ဇွန်လတွင်းက မိုဘိုင်းအော်ပရေတာကုမ္ပဏီများကို ဖိအားပေးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မိုဘိုင်းအော်ပရေတာများ၏ အင်တာနက်အသုံးပြုခဈေးနှုန်းများကို စစ်ကောင်စီက မြှင့်တက်လိုက်ပြီးနောက် ယခုအခါ ဒုတိယအကြိမ်မြှင့်တင်ရန် ကြိုးစားလာခြင်းဖြစ် သည်။ ထို့အပြင် အခြားပရိုမိုးရှင်းများကိုလည်း မပေးရန် တားမြစ်ခဲ့သည်။ ထို​ကြောင့် ဒုတိယအကြိမ် ထပ်မံဈေးမြှင့်ရန် စစ်ကောင်စီကစီစဥ်​နေခြင်းဖြစ်သည်

“Digital Strikeတို့ ၊ အွန်လိုင်းကမ်ပိန်းတို့ကို အင်အားလျော့အောင်လုပ်ချင်ပဲ။ ဒါကလူတွေ အင်တာနက်မသုံးနိုင်အောင် လုပ်တာပါပဲ”ဟု တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်​ကောင်စီသည် အင်တာနက်နှင့်ဖုန်းလိုင်များကို ဖြတ်​တောက်ခြင်း၊ ဖုန်း​ပြောဆိုမှုများကို ကြားဖြတ်နား​ထောင်ခြင်း စ​သော လူအခွင့်အ​ရေးချိုး​ဖောက်မှုများကိုဆက်တိုက်ပြုလုပ်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ပြည်သူတစ်ဦးကို ပြည်ပကနေ ၁နှစ် ဖုန်း ၂လုံးသာ ဝယ်ခွင့်ပေးမယ့် ကန့်သတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပြန်ပါတယ်။