Connect with us

Hi, what are you looking for?

News

ယောနယ်တွင် ကုန်ကားတစ်စီး​ပေါ်မှ မူးယစ်​ဆေးဝါးအချို့ ​တွေ့၍ ဖမ်းဆီးမီးရှို့ ၊ ယာဥ်​မောင်းကို ခံဝန်ထိုးခိုင်းပြီးပြန်လွှတ်

နိုဝင်ဘာ ၂၅ ရက်က ဂန့်​ဂေါ-က​လေးလမ်း​ပေါ်ရှိ တောင်လယ်ရွာနှင့် လက်ပန် ရွာကြားတွင် ကုန်တင်ကားတစ်စီးကိုစစ်​ဆေးရာ ဆေးခြောက်နှင့် WY အမျိုးအစား စိတ်ရူးသွပ်ဆေးဝါးအချို့ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဂန့်ဂေါ – ကလေး ကားလမ်းမပေါ်တွင် ကုန်ကားတစ်စီးကိုတားဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးအချို့ တွေ့ရှိသဖြင့် ဖျက်ဆီးပြီး ယာဥ်​မောင်းနှင့်ယာဥ်​နောက်လိုက်ကို ခံဝန်​လက်မှတ်​ရေးထိုး​စေ၍ပြန်လွှတ်​ပေးခဲ့​ကြောင်း ယောဒေသပြည်သူ့ ကာကွယ်ရေးတပ် (YDF)ကယနေ့ (ဒီဇင်ဘာ ၄ရက်)ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက်က ဂန့်​ဂေါ-က​လေးလမ်း​ပေါ်ရှိ တောင်လယ်ရွာနှင့် လက်ပန် ရွာကြားတွင် ကုန်တင်ကားတစ်စီးကိုစစ်​ဆေးရာ ဆေးခြောက်နှင့် WY အမျိုးအစား စိတ်ရူးသွပ်ဆေးဝါးအချို့ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

တွေ့ရှိရသော မူးယစ်ဆေးဝါးများမှာ တစ်ကိုယ်စာသုံး ပမာဏမျိုး ဖြစ်နေပြီး မူးယစ်ကုန်သွယ်မှု ပြုလုပ်သည့် ပမာဏမျိုး မဟုတ်သဖြင့် အဆိုပါ တွေ့ရှိခဲ့သော မူးယစ်ဆေးဝါးများကို YDF တပ်ဖွဲ့မှာ သိမ်းယူပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင်ကုန်ကား မောင်းလာသူ ယာဉ်မောင်း (၂) ဦးကိုလည်း ခံဝန်ကတိ ပြုလုပ်ခိုင်းပြီး နောက်တစ်ကြိမ် မူးယစ်ဆေးဝါးများ သယ်ယူလာသည်ကို တွေ့ရှိပါက ထိရောက်သည့် အပြစ်ပေးအရေးယူ ခြင်းခံရမည်ဟု သတိပေးကာ ပြန်လွှတ်ပေးခဲ့​ကြောင်း​ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

က​လေး-ဂန့်​ဂေါ လမ်းတွင် မူးယစ်ဆေး အပါအဝင် တရားမဝင် သစ်မှောင်ခို နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်များကို သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် YDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​ကစစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။

ဆောင်းပါး

မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆောင်းပါး

ဒီဒေသမှာ ဗမာ၊ချင်း၊တောင်သားစတဲ့ တိုင်းရင်းတွေ နေထိုင်ကျပြီး စစ်ကောင်စီကို တူမီး၊ အမဲလိုက်သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ စတင်တော်လှန်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။