Connect with us

Hi, what are you looking for?

News

India4Myanmar လှုပ်ရှားမှု ကို မီဇိုရမ်ပြည်နယ်တွင် စတင်

“ပါ၀င်​ကြတဲ့ လူငယ် volunteers များ စိတ်၀င်တစား​မေးမြန်းကြတဲ့ အိန္ဒိယ ပြည်နယ် သူ/သား များကို ​လေးစား​ကျေးဇူးတင်ပါတယ်” ဟုဦး​ဆောင်းလှုပ်ရှားသူများကထုတ်ပြန်သည်။

(ဓါတ်ပုံ-ယ​နေ့ မီဇိုရမ်ပြည်နယ်အတွင်း အိန္ဒိယပြည်သူများကြား လှုပ်ရှားမှု ပုံရိပ်များဖြစ်သည်)

မြန်မာပြည်ရှိ ပြည်သူများကြုံတွေ့နေရသည့် အကြမ်းဖက် စကစ ၏ လုပ်ရပ်များအား အိန္ဒိယ ပြည်သူများ ပိုမိုသိရှိလာပြီး ဒီမိုကရေစီအရေး ပူးပေါင်းဆောင်ရွက်မှုများ နှင့် မြန်မာပြည်သူများအပေါ် ပါ၀င်ကူညီမှုများ တိုးမြှင့်စေရန် #India4Myanmar လှုပ်ရှားမှုကို အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွင် ယ​နေ့(ဒီဇင်ဘာ၄) စတင်သည်။

(ဓါတ်ပုံ-ယ​နေ့ မီဇိုရမ်ပြည်နယ်အတွင်း အိန္ဒိယပြည်သူများကြား လှုပ်ရှားမှု ပုံရိပ်များဖြစ်သည်)

“ဒီမိုက​ရေစီ နဲ့ လူသားမျိုးနွယ်အ​ရေးကို ​သွေးစည်းညီညွတ်မှုဖြင့် ကာကွယ်​စောင့်​ရှောက်ကြ” ဆိုတဲ့​ဆောင်ပုဒ်ဖြင့်ယခုလှုပ်ရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ပါ၀င်​ကြတဲ့ လူငယ် volunteers များ စိတ်၀င်တစား​မေးမြန်းကြတဲ့ အိန္ဒိယ ပြည်နယ် သူ/သား များကို ​လေးစား​ကျေးဇူးတင်ပါတယ်” ဟုဦး​ဆောင်းလှုပ်ရှားသူများကထုတ်ပြန်သည်။

အိန္ဒိယ နိုင်ငံသည့် ကမ္ဘာ့အကြီးမားဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အာဏာသိမ်းမှုကြိုးပမ်းမှုဖြစ်စဥ်များ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့သော် အိန္ဒိယနိုင်ငံ ဒီမိုကရေစီ ခေါင်းဆောင်များသည် မြန်မာပြည် ဒီမိုကရေစီအရေးလှုပ်ရှားမှုများအား တက်တက်ကြွကြွ ပါ၀င်ထောက်ခံမှု၊ အရေးယူဆောင်ရွက်မှုများ ဆိတ်သုဥ်းလျက်ရှိပြီး အိန္ဒိယ အာဏာပိုင်များ၏ မြန်မာပြည်အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် နယ်စပ်ဖြတ်ကျော်ခဲ့ရသည့် မြန်မာဒုက္ခသည်များအပေါ် ဖမ်းဆီးမှုအချို့ပင်ပြုလုပ်နေသည့်သိရသည်ဟု India4Myanmar လှုပ်ရှားမှုအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

(ဓါတ်ပုံ-ယ​နေ့ မီဇိုရမ်ပြည်နယ်အတွင်း အိန္ဒိယပြည်သူများကြား လှုပ်ရှားမှု ပုံရိပ်များဖြစ်သည်)

India4Myanmar လှုပ်ရှားမှုသည် လွတ်လပ်အမှီခိုကင်းသည့် လှုပ်ရှားမှုဖြစ်ပြီး မြန်မာပြည်နှင့် အိန္ဒိယ ပြည်ရှိ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်ဟုဆိသည်။ India 4 Myanmar အား ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်စုစည်းခဲ့ပြီး သွေးစည်းညီညွတ်မှု တိုးမြှင့်စေမည့် မြေပြင်လှုပ်ရှားမှု နှင့် တိုက်တွန်းနှိုးဆော်မှုများ အား အိန္ဒိယနိုင်ငံရှိ ပြည်နယ်များအတွင်း ပြုလုပ်သွားမည်ဖြစ်သည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။