Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကို​ ထောက်ခံ​သော​ဈေးဆိုင်​​ ပစ်ခတ်သတိ ပေးခံရပြီး​ လာစစ်​သောစစ်​ကောင်စီတပ်သားများပါ မိုင်းဆွဲခံရ

“ကျောက်ဖြူမှာ ၉နာရီလောက်ကဖြစ်ပြီး သေနတ်သံတွေကြားတယ်။ ဆိုင်ကယ်မောင်းသံကြားပြီး ၉နာရီ ၂၀ လောက် ထပ်ကွဲသံကြားတယ်။ သေနတ် ဆက်တိုက်ပစ်တာအချက် ၂၀၊ ၃၀ လောက်ရှိမယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီကိုထောက်ခံ​သောစျေးဆိုင်တစ်ဆိုင်​သေနတ်ဖြင့် ပစ်ခတ်သတိပေးခံရပြီး​နောက် လာ​ရောက်စစ်သည့် စစ်ကောင်စီတ​ပ်သားအချို့ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၄ ရက်) ည၉နာရီဝန်းကျင်က သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးအုပ်စု၊ကျောက်ဖြူကျေးရွာရှိ စစ်ကောင်စီထောက်ခံသည့်ကုန်စုံဆိုင်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ချောင်းကြီးကျေးရွာဘက်မှ တတ်လာသော စစ်ကောင်စီတပ်ဆိုင်ကယ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူကျေးရွာမှ ဒလန်အား သေနတ်လေးချက်ဖောက်၍ သတိပေးခြင်းနှင့် လာစစ်ဆေးသည့် ချောင်းကြီးဘက်မှတက်လာသော စစ်ကောင်စီ ဆိုင်ကယ်နှစ်စီးအား မိုင်းဆွဲခြင်းသည် ဗိုလ်လင်းယုန် အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး ဆိုင်ကယ်မိုင်းဆွဲခံရမှုတွင် စစ်ကောင်စီဘက်မှ အနည်းဆုံးနှစ်ဦး ထိခိုက်နိုင်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က အသိပေးသည်။

“ကျောက်ဖြူမှာ ၉နာရီလောက်ကဖြစ်ပြီး သေနတ်သံတွေကြားတယ်။ ဆိုင်ကယ်မောင်းသံကြားပြီး ၉နာရီ ၂၀ လောက် ထပ်ကွဲသံကြားတယ်။ သေနတ် ဆက်တိုက်ပစ်တာအချက် ၂၀၊ ၃၀ လောက်ရှိမယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရသည့် ကုန်စုံဆိုင်သည် ကျောက်ဖြူကျေးရွာ ရွာအလယ် လမ်းမဘေးတွင်တည်ရှိပြီး အဆိုပါဆိုင်ပိုင်ရှင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ၎င်း၏ ဆိုင်ရှေ့တွင် ကြံ့ခိုင်ရေးအလံများ စိုက်ထူခြင်း ၊ နေအိမ်တစ်အိမ်တွင် အလံတခုစိုက်ထူပါက ၂၀၀၀ ကျပ်ပေးကာ မဲဆွယ်စည်းရုံးမှူ့များပြုလုပ်ခြင်း၊
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၎င်းတို့၏ ဆိုင်အတွင်းတွင် တပ်မတော်အား ထောက်ခံကြိုဆိုပါသည်ဟူသော စာတမ်းများအား ချိတ်ဆွဲခဲ့ခြင်းလည်းပြုလုပ်ခဲ့ကြောင်း သပိတ်ကျင်းဒေသခံအချို့က ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ၁၅မိနစ်ခန့်အကြာတွင် ချောင်းကြီးရဲကင်းသို့ ဖုန်းဆက်ခေါ်ခဲ့သဖြင့် စစ်သားရဲသားများ ရောက်ရှိလာပြီး လမ်းတွင်မိုင်းဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook