Connect with us

Hi, what are you looking for?

News

အကြမ်းဖက်​စစ်ခေါင်း​ဆောင်နှင့်​တွေ့ဆုံခဲ့​သူများအစ္စလာမ်ဘာသာကို ကိုယ်စားမပြု​​ဘဲရွံ့ရှာစက်ဆုပ်​ကြောင်းမြန်မာမွတ်စလင်ကွန်ယက်ထုတ်ပြန်

အကြမ်းဖက်စစ်တပ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် အစ္စလာမ်ဘာသာ ကိုယ်စားပြုဆိုသူများအား ရွံ့ရှာစက်ဆုပ်မိကြောင်းနှင့် မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာကို ကိုယ်စားမပြုကြောင်း နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်ကွန်ရက်က သဘောထား ထုတ်ပြန်သည်။

၂၀၂၁ ဒီဇင်ဘာ၅ရက်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေမှုများကြောင့် မြန်မာနိုင်ငံပြည်သူအပေါင်း သောကရောက်နေရသောနေ့ဖြစ်ပြီး ၎င်းနေ့တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ခေါင်းဆောင်ကို အစ္စလာမ်ဘာသာ ကိုယ်စားပြုသည်ဆိုသော လူတချို့မှ သွားရောက်တွေ့ဆုံမှုရှိခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲသို့ သွားရောက်ခဲ့သော ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များကို ကိုယ်စား(မ)ပြုသည့်အပြင်၊ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော မိစ္ဆာများ၏ အစီအစဥ်တွင် သွားရောက်ပူး ပေါင်းပါဝင်ခဲ့သည့်အတွက် အစ္စလာမ်တရားတော်နှင့် ဆန့်ကျင်နေသ​ည်ဟု ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင်ထုတ်ပြန်သည့်နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက်၏ သဘော ထားကြေညာချက်တွင် အသိပေးသည်။

ကုရ်အာန် ကျမ်းတော်မြတ်တွင် “အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဥ်ရာ၌လည်းကောင်း အချင်းချင်းကူညီရိုင်းပင်းကြလေကုန်” (ကုရ်အာန် ၅း၁)၊ “အသင်တို့သည် ဖောက်ဖျက်ကျူးလွန်သူတို့၏ အမိန့်ကို မလိုက်နာကြလေနှင့်” (ကုရ်အာန် ၂၆း၁၅၁)၊ “အသင်တို့သည် သစ္စာဝါဒီများ(ဓမ္မဘက်တော်သားများ)နှင့် အတူရပ်တည်ကြလေကုန်” (ကုန်အာန် ၉း၁၁၉) ဟုပြဌာန်း မိန့်ကြားထားသည်။ ထို့ကြောင့် ၎င်းတို့လုပ်ရပ်သည် အစ္စလာမ်ဘာသာနှင့်လည်း လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့ တစ်ဦးတစ်ယောက်ခြင်းနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အစ္စလာမ်ဘာသာ ကိုယ်စားပြုသည်ဟုဆိုကာ သွားရောက်တွေ့ဆုံခဲ့သော ၎င်းပုဂ္ဂိုလ်များအား မိမိတို့မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များအနေနှင့် ရွံ့ရှာစက်ဆုပ်မိကြောင်းနှင့် မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာကို ကိုယ်စားမပြုကြောင်းအတိအလင်း ထုတ်ပြန်အပ်သည်ဟု နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက်က ကြေညာခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

"ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။