Connect with us

Hi, what are you looking for?

News

အမြန်လမ်းရှိ ကံကောင်းရဲကင်းကို မိတ္ထီလာခရိုင်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ ရဲသုံးဦးသေ ငါးဦးဒဏ်ရာရ

တိုက်ခိုက်ခံရသည့် ကံကောင်းရဲကင်းစခန်းသည် မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်းလမ်း မိုင်တိုင် ၂၉၃/၂ အနီးတည်ရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ကံကောင်းရဲကင်းစခန်းကို မိတ္ထီလာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ယင်းမဟာမိတ်အဖွဲ့က ယနေ့(ဒီဇင်ဘာ ၇) ထုတ်ပြန်သည်။

အဆိုပါ ရဲကင်းစခန်း စီနင်းဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးသေပြီး ရဲငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မိတ္ထီလာခရိုင်လေးမြို့နယ်တပ်ပေါင်းစုမှ ကံကောင်းရဲကင်းစခန်းအား စီးနင်းတိုက်ခိုက်မှုကို ယနေ့နံနက်အစောပိုင်း တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဖြစ်စဥ်နှင့် ကျဆုံးနေသောတရားစီရင်မှုအပေါ် တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယင်းတပ်ပေါင်းစုက ဆိုသည်။

တိုက်ခိုက်ခံရသည့် ကံကောင်းရဲကင်းစခန်းသည် မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်းလမ်း မိုင်တိုင် ၂၉၃/၂ အနီးတည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။