Connect with us

Hi, what are you looking for?

News

မန္တလေးမြို့ရှိ စစ်ကောင်စီတပ်စွဲရာ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

“အိမ်ကို ခဲလုံးတောင်လာမှန်တယ်။ ပေါက်ကွဲသံလည်း အကျယ်ကြီးပဲ”ဟု အခင်းဖြစ်​နေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးမြို့ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Mandalay Phoenix Force – MPF က ယနေ့ (ဒီဇင်ဘာ ၇)ည ထုတ်ပြန်သည်။

ယနေ့ည ၇ နာရီခန့်တွင် မန္တလေးမြို့ ၃၅ လမ်း၊ ၅၉ လမ်းနှင့် လမ်း ၆၀ ကြားရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်များဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထိခိုက်မှုအခြေအနေများသိရပါက ပြည်သူများမှ ပြန်လည်သတင်းပို့ပေးကြရန် MPF က တောင်းဆိုထားသည်။

“အိမ်ကို ခဲလုံးတောင်လာမှန်တယ်။ ပေါက်ကွဲသံလည်း အကျယ်ကြီးပဲ”ဟု အခင်းဖြစ်​နေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(ဒီဇင်ဘာ ၇)မနက်ပိုင်းကလည်း မန္တ​လေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးနှင့် ၆၂ လမ်းနှင့် သိပ္ပံလမ်းရှိ ယာဥ်ထိန်းရုံးတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook