Connect with us

Hi, what are you looking for?

News

သမ္မတအားထောင်ချခြင်းမှာ မင်းအောင်လှိုင်က ရာဇဝတ်မှုကို ထပ်ဆင့်ကျူးလွန်ခြင်းဖြစ်ဟု ကလေးCDM ရဲတပ်ဖွဲ့ထုတ်ပြန်

ကလေးမြို့နယ်တွင် CDM ရဲတပ်ဖွဲ့(KPS)ကို ဖွဲ့စည်းပြီးကြောင်း အဆိုပါအဖွဲ့က ဒီဇင်ဘာ၆ရက်တွင် အသိပေးခဲ့သည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖျက်သိမ်းပြီးသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကျူးလွန်ကြောင်းနှင့် နိုင်ငံတော်သမ္မတအား ဖမ်းဆီးထောင်ချခြင်းသည် ရာဇဝတ်မှုကို ထပ်ဆင့် ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုထားသော ရဲများဖြင့် ဖွဲ့စည်းထားသည့် ကလေး ပြည်သူ့ရဲလုပ်ငန်းဝန်ဆောင်မှုတပ်ဖွဲ့(KPS)က ယနေ့(ဒီဇင်ဘာ၈) ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့သည် ဥပဒေကိုသာ သစ္စာခံရမည်ဖြစ်ကြောင်း၊ ဖျက်သိမ်းခဲ့ပြီးသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မင်းအောင်လှိုင်သည် နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကျူးလွန်ကြောင်း နှင့် ရဲတပ်ဖွဲ့မှ ၎င်းအား ဖမ်းဆီးရန် တာဝန်ရှိကြောင်း ဥပဒေအကိုးအကားများကို အသေးစိတ် ဖော်ပြထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတအား အရပ်ဘက်တရားရုံးများတွင် တရားစွဲဆိုခြင်း မပြုနိုင်ကြောင်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ဖော်ပြ၍ ထောက်ပြခဲ့သည်။

စစ်တပ်မှ ရေးစွဲခဲ့သော ၂၀၀၈ဖွဲ့စည်းပုံ အရပင် နိုင်ငံတော်သမ္မတအား ဖမ်းဆီးတရားစွဲဆို၍ မရကြောင်းနှင့် နိုင်ငံတော်သမ္မတ အရည်အချင်း ပျက်ယွင်းမှု ရှိမရှိအား လွှတ်တော်ကသာ ဆုံးဖြတ်နိုင်ကြောင်း၊ မင်းအောင်လှိုင် အနေဖြင့် မိမိကိုယ်ကျိုးစီးပွား အတွက် အာဏာသိမ်းခြင်းသည် တည်ဆဲဥပဒေဖြစ်သော ရာဇသတ်ကြီး ပုဒ်မ ၁၂၁ ကို ဖောက်ဖျက် ကျူးလွန်ကြောင်း၊ အာဏာသိမ်းပြီးနောက် ထပ်မံကျူးလွန်သော ပြစ်မှုများသည် စစ်ရာဇဝတ်မှု မြောက်ကြောင်း KPSက ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်တွင် CDM ရဲတပ်ဖွဲ့(KPS)ကို ဖွဲ့စည်းပြီးကြောင်း အဆိုပါအဖွဲ့က ဒီဇင်ဘာ၆ရက်တွင် အသိပေးခဲ့သည်။

ထို့အပြင် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု နှင့် ကျောမြို့နယ်တို့တွင်လည်း CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) ကို ဒီဇင်ဘာ ၆ရက်ရက်ဖွဲ့စည်းထားသည်။

နွေဦးတော်လှန်ရေးတွင် နိုဝင်ဘာလကုန်ပိုင်းအထိ နိုင်ငံတစ်ဝန်းပြည်သူရင်ခွင်လှုံ့လာသော ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ရှိနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ထို့အပြင် CDMပြုလုပ်ရန် ဆက်သွယ်လာသော စစ်သားနှင့်ရဲ ၁၀,၀၀၀ ကျော်အထိရှိနေကြောင်း ပြည်သူ့ရင်ခွင်က လူထုနွေဦးသို့ ပြောဆိုထားသည်။

(စစ်အာဏာရှင်ကို ဆန့်ကျင်၍ ပြည်သူများဘက်မှ ရပ်တည်ကာ CDM ပြုလုပ်ခဲ့ကြသည့် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယ​နေ့ည​နေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။