Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တ​လေးလမ်းတွင် စစ်​ကောင်စီတပ်ကားတစ်စီးကိုမိုင်းခွဲတိုက်ခိုက်

“ကားနောက်ပိုင်းအုပ်ထားတဲ့မိုးကာမီးလောင်သွားပြီး ကုန်မပါပဲ တပ်သား၁၀ဦးခန့်ပါလာတယ်လို့သိရပါတယ်။ တပ်သားတွေထိခိုက်နိုင်တယ်၊ တိုက်ခိုက်ပြီးချက်ချင်းတိမ်းရှောင်ခဲ့တဲ့အတွက် အထိအခိုက်ကိုအတိအကျမပြောနိုင်ဘူး” ဟု ပြောက်ကြားအဖွဲ့မှ တာဝန်ရှိသူက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

စစ်ကိုင်းတိုင်း ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်ကားတစ်စီးမိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်) ည ၁၀:၁၅ နာရီခန့်က စစ်ကိုင်းဘက်မှ ထောက်ပို့လာသော စစ်ကားတစ်စီးအား ရွာသာကြီးနှင့် ဆားတောင်မြို့ကြားတွင် မိုင်း၄လုံး ရှော့ဒုံး နှစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း မြင်းဖြူရှင်ပြောက်ကြားအဖွဲ့က ထုတ်ပြန်သည်။

အဖွဲ့သားများ အားလုံး အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းဖြူရှင် ပြောက်ကြားအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဘုရားပြန်ရွာတောင်ဘက်အနီးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထောက်ပို့ယာဉ် အဖြူရောင် ဒိုင်နာယာဥ်မှာ ရှော့တိုက်ဒုံး ၂လုံးနှင့် စတင်ပစ်ခတ်ခံခဲ့ရပြီး လမ်းဘေးထိုးစင်းသွားကာ ခေတ္တရပ်တန့်ခဲ့ကြောင်း၊ ယာဉ်မောင်းထိခိုက်သွားပြီး ဆက်လက်မောင်းနှင်ခဲ့သော်လည်း မိုင်း ၄ လုံးဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ကားနောက်ပိုင်းအုပ်ထားတဲ့မိုးကာမီးလောင်သွားပြီး ကုန်မပါပဲ တပ်သား၁၀ဦးခန့်ပါလာတယ်လို့သိရပါတယ်။ တပ်သားတွေထိခိုက်နိုင်တယ်၊ တိုက်ခိုက်ပြီးချက်ချင်းတိမ်းရှောင်ခဲ့တဲ့အတွက် အထိအခိုက်ကိုအတိအကျမပြောနိုင်ဘူး” ဟု ပြောက်ကြားအဖွဲ့မှ တာဝန်ရှိသူက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

အဆိုပါနေရာတွင် ယမန်နေ့နံနက် ‌၃နာရီ ၁၅မိနစ်ကလည်း စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook