Connect with us

Hi, what are you looking for?

LuduNwayOo

News

လောင်းလုံမြို့နယ်တရားရုံးကို ထားဝယ်ခရိုင်ကာကွယ် ရေးတပ် ဖောက်ခွဲသတိပေး

အထက်ပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လောင်းလုံမြို့နယ်တရားရုံးဝင်းအတွင်းရှိ နေအိမ်တချို့အနည်းငယ်ထိခိုက်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှုရှိ၊မရှိကိုမူ မသိရှိရသေးပေ။

ဓာတ်ပုံ - DIC

-ရဲစခန်းနှင့် ထွေအုပ်ရုံးကိုပါ ထပ်မံဖောက်ခွဲမည် ကြိုအသိပေးထား

တနသ်ာရီတိုင်း လောင်းလုံမြို့နယ်တရားရုံးကို ဖောက်ခွဲသတိပေးခဲ့ပြီး မြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကိုလည်း ထပ်မံဖောက်ခွဲသွားမည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ယနေ့ (ဒီဇင်ဘာ ၉) ထုတ်ပြန်သည်။

မြို့နယ်တရားရုံးအတွင်း ဖောက်ခွဲမှုကို ယမန်နေ့ (ဒီဇင်ဘာ ၈)ည ၇ နာရီခွဲခန့်တွင် အဝေးထိန်းမိုင်းအသုံးပြု ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာရှင်အလိုကျ မတရားရုံးများက ချမှတ်နေသည့် မတရားသောအမိန့်ဟူသမျှကို လက်သင့်မခံကြောင်း ပြသသောအားဖြင့် ဖောက်ခွဲသတိပေးခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူး​​ပေါင်းတပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လောင်းလုံမြို့နယ်တရားရုံးဝင်းအတွင်းရှိ နေအိမ်တချို့အနည်းငယ်ထိခိုက်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှုရှိ၊မရှိကိုမူ မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။