Connect with us

Hi, what are you looking for?

News

လောင်းလုံမြို့နယ်တရားရုံးကို ထားဝယ်ခရိုင်ကာကွယ် ရေးတပ် ဖောက်ခွဲသတိပေး

အထက်ပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လောင်းလုံမြို့နယ်တရားရုံးဝင်းအတွင်းရှိ နေအိမ်တချို့အနည်းငယ်ထိခိုက်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှုရှိ၊မရှိကိုမူ မသိရှိရသေးပေ။

ဓာတ်ပုံ - DIC

-ရဲစခန်းနှင့် ထွေအုပ်ရုံးကိုပါ ထပ်မံဖောက်ခွဲမည် ကြိုအသိပေးထား

တနသ်ာရီတိုင်း လောင်းလုံမြို့နယ်တရားရုံးကို ဖောက်ခွဲသတိပေးခဲ့ပြီး မြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကိုလည်း ထပ်မံဖောက်ခွဲသွားမည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ယနေ့ (ဒီဇင်ဘာ ၉) ထုတ်ပြန်သည်။

မြို့နယ်တရားရုံးအတွင်း ဖောက်ခွဲမှုကို ယမန်နေ့ (ဒီဇင်ဘာ ၈)ည ၇ နာရီခွဲခန့်တွင် အဝေးထိန်းမိုင်းအသုံးပြု ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာရှင်အလိုကျ မတရားရုံးများက ချမှတ်နေသည့် မတရားသောအမိန့်ဟူသမျှကို လက်သင့်မခံကြောင်း ပြသသောအားဖြင့် ဖောက်ခွဲသတိပေးခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူး​​ပေါင်းတပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် လောင်းလုံမြို့နယ်တရားရုံးဝင်းအတွင်းရှိ နေအိမ်တချို့အနည်းငယ်ထိခိုက်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှုရှိ၊မရှိကိုမူ မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကွပ်ကဲမှု ခံယူလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး နဂါးရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားဦးညွှတ်ကြောင်း PDFအထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။