Connect with us

Hi, what are you looking for?

News

လူစိတ်ကင်းသည့်အဖွဲ့နှင့် ရင်ဆိုင်နေရ၍ ရန်သူကို ပြတ်သားစွာ တိုက်ခိုက်ရန် NUG ကာကွယ်ရေးဝန်ကြီးပြော

“ငါတို့နိုင်ငံနဲ့ နိုင်ငံသားတွေဟာ သုံးနှုန်းစရာ စကားလုံးမရှိအောင်ကို လူစိတ်ကင်းမဲ့တဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ငါတို့ တကယ့်ရန်သူကို ပြတ်ပြတ်သားသား ခုခံတွန်းလှန် တိုက်ခိုက်ဖို့ မှာကြားလိုတယ်”ဟု ဝန်ကြီးဦးရည်မွန်က မှာကြားသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ဂန့်ဂေါ)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ရာ ရန်သူကို ပြတ်သားစွာ တိုက်ခိုက်ရန် မှာကြားခဲ့သည်။

Public Service Announcement

ပကဖ(ဂန့်ဂေါ)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂)သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၉ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

“ငါတို့နိုင်ငံနဲ့ နိုင်ငံသားတွေဟာ သုံးနှုန်းစရာ စကားလုံးမရှိအောင်ကို လူစိတ်ကင်းမဲ့တဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ငါတို့ တကယ့်ရန်သူကို ပြတ်ပြတ်သားသား ခုခံတွန်းလှန် တိုက်ခိုက်ဖို့ မှာကြားလိုတယ်”ဟု ဝန်ကြီးဦးရည်မွန်က မှာကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်လာရေးအတွက် ခုခံတွန်းလှန်တိုက်ခိုက်မည့် တိုက်ပွဲဝင် စစ်သည်တော်များ မွေးထုတ်နိုင်ရန် ကြိုးစားခဲ့ကြောင်း၊ဂန့်ဂေါမြို့နယ်၌ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၂)သင်တန်းဆင်းပွဲကို ရောက်ရှိခဲ့ပြီး သင်တန်းဖြစ်အောင် ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများနှင့် ဦးဆောင်သူများအားလုံးကို လေးစားကျေးဇူးတင်ကြောင်း ဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ငါတို့ မူလပိုင်ဆိုင်ထားတဲ့ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ ၁၀လကျော်ကြာခဲ့ပြီး ဆုံးရှုံးသွားတဲ့ ငါတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်ရယူဖို့အတွက် တိုက်ပွဲဝင်မယ့် တရားသော ခုခံတွန်းလှန်စစ်ဖြစ်တယ်ဆိုတာ အသိပေးလိုတယ်။ရဲဘော်တို့ဟာ မကြာခင် တရားသော ခုခံတွန်းလှန်စစ်ကို ကိုယ်တိုင်ပါဝင်ဆင်နွှဲကြရတော့မယ်။ ငါတို့ တပ်မတော်ဟာ ကျင့်ဝတ်ရိုသေမှုနဲ့ စည်းကမ်းလိုက်နာမှုမှာ စံနမူနာ ပြဖြစ်နေရမယ်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ စစ်သည်တော်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ လက်တွေ့မြေပြင်မှာ ကျင့်သုံးရမယ့် စည်းမျဥ်းစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကျင့်သုံး ဆောင်ရွက်ကြမယ်လို့ ယုံကြည်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တရားသော ခုခံတွန်းလှန်စစ်သည် အနှေးနှင့်အမြန် မုချအောင်မြင်မည်ဖြစ်ကြောင်း၊ အောင်မြင်စေရန် အားလုံးက ကျရာတာဝန်ကျေပွန်အောင်လုပ်ဆောင်ရမည်ဖြစ် ကြောင်း ဝန်ကြီးက ဆိုသည်။

“အမိ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်ဟာ ငါတို့အားလုံးရဲ့ လက်ထဲကို ရောက်ရှိနေပါပြီ။ ငါတို့အားလုံးက ကိုယ်စီကျရာတာဝန်ထမ်းဆောင်ရင်းနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရေး အတွက် ဇွဲ လုံ့လ၊ ဝီရိယ တို့ကို အရင်းတည်ပြီး အားအင်အပြည့်နဲ့ ပြင်ဆင်ထားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။