Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့် ပစ်ခံရ

ယနေ့ ညနေ ၆ နာရီခန့်တွင် ခရမ်းမြို့နယ် တမံကြီးကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဇော်နိုင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရမ်ဆေးရုံသို့ပို့ထားရပြီး သေဆုံးခြင်းရှိ၊ မရှိကို မသိရသေးပေ။

ခရမ်းမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၁၁)ညနေပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေ ၆ နာရီခန့်တွင် ခရမ်းမြို့နယ် တမံကြီးကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဇော်နိုင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရမ်ဆေးရုံသို့ပို့ထားရပြီး သေဆုံးခြင်းရှိ၊ မရှိကို မသိရသေးပေ။

သေနတ်ဖြင့် ပတ်ခတ်ခံရသည့် ဒလန်မြင့်ဇော်နိုင်သည် စစ်ကောင်စီက ဒုတိယအကြမ်ခန့်အပ်သည့် တမံကြီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး ပထမခန့်အပ်သည့်အုပ်ချုပ်ရေးမှူးဦးချစ်မြိုင်မှာ နိုဝင်ဘာကတည်းက အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်သွားခဲ့သည်။

ခရမ်းမြို့နယ်ရှိ တမံကြီးကျေးရွာသည် ဒလန်များ၏ သတင်း​ပေးမှုများကြောင့် မကြာခဏဆိုသလို စစ်ကောင်စီတပ်များ၏ ဝင်ရောက်စစ်ဆေးခြင်းခံရပြီး ပြီးခဲ့သည့်ရက်ပိုင်းများကလည်း မီတာမဆောင်ဟုဆိုကာ တစ်ရွာလုံး လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

Facebook