Connect with us

Hi, what are you looking for?

News

ပြင်ပ​ဈေးကွက်တွင် ​ဒေါ်လာ​ဈေးပြန်တက်

“ဈေးပြန်တက်တာ သုံးရက်လောက်ရှိပါပြီ။ အဓိကကျပ်ငွေ အသစ်တွေရိုက်ထုတ်မယ့်ဆိုတဲ့ သတင်းအရလူတွေကဒေါ်လာကိုပြန်ဝယ်လာကြတာပါ”ဟုဒေါ်လာအရောင်းအဝယ်လုပ်နေသူတစ်ဦးကပြောသည်။

မှောင်ခိုဈေးကွက်(ပြင်ပ​ဈေးကွက်)တွင် ဒေါ်လာဈေးပြန်လည်မြင့်တက်လာပြီး တစ်ဒေါ်လာကို ကျပ် ၁၉၀၀ကျော်ဈေး​ပေါက်ကြောင်း ​​ဒေါ်လာအ​ရောင်းအဝယ်လုပ်နိုင်​နေသူများက​ပြောသည်။

ဗဟိုဘဏ်က ငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ငွေစက္ကူများ ပြည်ပမှ တင်သွင်းလာခြင်းကြောင့် မှောင်ခိုဈေးကွက်တွင် ဒေါ်လာဈေးမှာ ကျပ် ၁၉၁၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။ နိုဝင်ဘာ လဆန်းမှစ၍တစ်ဒေါ်လာလျှင် ၁၈၅၀ကျပ် အထိကျဆင်းခဲ့သည့် ဒေါ်လာဈေးသည် ဒီဇင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာကို ၁၉၁၀ ကျပ် အထိပြည်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ဈေးပြန်တက်တာ သုံးရက်လောက်ရှိပါပြီ။ အဓိကကျပ်ငွေ အသစ်တွေရိုက်ထုတ်မယ့်ဆိုတဲ့ သတင်းအရလူတွေကဒေါ်လာကိုပြန်ဝယ်လာကြတာပါ”ဟုဒေါ်လာအရောင်းအဝယ်လုပ်နေသူတစ်ဦးကပြောသည်။

ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကို စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က မဖြည့်တင်းပေးနိုင်ကြောင်းနှင့် လက်ရှိတွင် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၂၃ သန်းသာထုတ်ရောင်းနိုင်ခဲ့သည်ဟု၎င်းကဆက်​ပြောသည်။
ထိုပြင်စစ်ကောင်စီ၏ဗဟိုဘဏ်က နှစ်သောင်းကျပ်တန်နှင့် ငါးသောင်းကျပ်တန်ငွေစက္ကူများရိုက်နှိပ်မည့်မဟုတ်ကြောင်းနှင့် ငွေစက္ကူအသစ်ရိုက်နှိပ်ပါကလူထုကို ကြိုတင်အသိပေးမည်ဖြစ်​ကြောင်းဒီဇင်ဘာ၁၀ ရက်တွင်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကထိန်းချုပ်ထားသောကြောင့်ငွေလဲကောင်တာများတစ် တစ်ဒေါ်လာကို ၁၇၈၃ ကျပ်မှ ၁၇၈၈ ကျပ်အတွင်းသာဈေးဖွင့်ရသည်။ သို့သော်ပြင်ပဈေးကွက်တွင် ဈေးပိုမြင့်နေပြီး ​ဈေးနှုန်းအမှန်မှာ ပြင်ပ​ဈေးကွက်​ပေူက်​​ဈေးဖြစ်​ကြောင်း​ငွေ​ကြေး​ရောင်းဝယ်သူများက​ပြောသည်။

ဧရာဝတီသတင်းဌာနက ဥဇဘက်ကစ္စတန် လေကြောင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်လေဆိပ်တွင် ဒီဇင်ဘာလ ၇ ရက်က ဆိုက်ရောက်လာပြီး ငွေရိုက်နှိပ်ရန် အလေးချိန် ကီလိုဂရမ် ၃ သောင်းခွဲနီးပါးရှိ စက္ကူသေတ္တာ ၉၂ သေတ္တာကို လာရောက်ချသွားကြောင်း ရေးသားဖော်ပြခဲ့သည်။

ထိုသို့ရေးသားဖော်ပြပြီးနောက် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးမှာ တဖြေးဖြေးပြန်လည်မြင့်တက်လာသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် နိုင်ငံအနှံတွင် တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ခဲ့ခြင်းကြောင့် ဒေါ်လာနှင့် ရွှေအရောင်းအဝယ်များ တစ်ရက်တာ ရပ်တန့်ခဲ့၍ဈေးနှုန်းအတက်အကျမရှိခဲ့ပေ။

ယနေ့(ဒီဇင်ဘာ ၁၁ ရက်) မနက်ပိုင်းတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထိန်းချုပ်မူကြောင့် ရွှေဈေးပြန်ကျဆင်းခဲ့သော်လည်း ဒေါ်လာဈေးမှ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၈၂၅၀၀၀ကျပ်အထိမြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၁ ရက်တွင် ၁၇၉၀၀၀၀ကျပ် သို့ပြန်လည်ကျဆင်းခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကုန်​ဈေးနှုန်းများတက်သည်မ​ပြောနှင့် သယ်ယူပို့​ဆောင်​ရေးအတွက် အခရာကြ​သော စက်သုံးဆီ​ဈေးမှာ အာဏာမသိမ်းခင်က တစ်လီတာ ၆၅၀ ကျပ်မှ ၇၀၀ ကျပ်အတွင်းရှိခဲ့ရာမှယခုအခါ တစ်လီတာ ကျပ် ၂၀၀၀ ​ကျော်အထိ့တက်ကုန်သည်။

သတင်း

ဒေါ်လာဝယ်ရောင်းဈေးသည် တစ်ဒေါ်လာကို ကျပ် ၅၀၀ခန့်ဈေးကွာနေပြီး ရွှေဈေးမှာလည်း တစ်ရက်အတွင်း ကျပ် ၁သိန်းခွဲကျော်အတက်ကျဖြစ်ခဲ့သည်။

သတင်း

“ဒေါ်လာဈေးကတစ်သောင်းဖြစ်လည်းတည်ငြိမ်နေရင် စီးပွားရေးလုပ်လိုရတယ်၊တစ်သိန်းဖြစ်လည်းလုပ်လို့ရတယ်။ ဒီနေ့မှာ ၅၀၀၀ဖြစ်ပြီး နောက်နေ့မှာ ၄၀၀၀ဖြစ်သွားရင် စီးပွားရေးလုပ်မရဘူး။ ဒီသဘောကိုနားမလည်ဘဲ ဒေါ်လာဈေးကျအောင် ဇွတ်အတင်းဆွဲချနေတာမြင်ရတာသူတို့စီး

သတင်း

“ဒေါ်လာက ဈေးဖွင့်တယ်ဆိုတာမရှိတော့မရှိတော့ဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေပြီ”ဟု ငွေလဲလုပ်ငန်းရှင်တစ်ဦးကပြောသည်။