Connect with us

Hi, what are you looking for?

သတင်း

တစ်ဒေါ်လာ ကျပ် ၄၅၀၀ ​ကျော်လာ၊​ ရောင်းသူမရှိဘဲဝယ်လိုသူသာရှိ​​နေ

“ဒေါ်လာက ဈေးဖွင့်တယ်ဆိုတာမရှိတော့မရှိတော့ဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေပြီ”ဟု ငွေလဲလုပ်ငန်းရှင်တစ်ဦးကပြောသည်။

တစ်ဒေါ်လာ ကျပ် ၄၅၀၀ ​ကျော်လာ၊​ရောင်းသူမရှိဘဲဝယ်လိုသူသာရှိ​​နေ
တစ်ဒေါ်လာ ကျပ် ၄၅၀၀ ​ကျော်လာ၊​ရောင်းသူမရှိဘဲဝယ်လိုသူသာရှိ​​နေ

ပြည်တွင်း​ငွေ​ကြေး​ဈေးကွက်တွင် တစ်ဒေါ်လာလျှင်ကျပ် ၄၅၀၀ ​ကျော်အထိ့ဈေးတက်လာပြီး၊ ဈေးကွက်အတွင်း ဒေါ်လာကို အလုအယက်လိုက်ဝယ်နေကြောင်း ငွေလဲလုပ်ငန်းရှင်များကပြောသည်။

ဈေးကွက်အတွင်းဒေါ်လာဝယ်လိုအားမြင့်တက်နေသော်လည်းရောင်းချမည့်သူမရှိကြောင်း လုပ်ငန်းရှင်များကပြောသည်။

“ဒေါ်လာက ဈေးဖွင့်တယ်ဆိုတာမရှိတော့မရှိတော့ဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေပြီ”ဟု ငွေလဲလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ ဗဟိုဘဏ်က ၁ ​ဒေါ်လာလျှင် ၂၁၀၀ ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ၄၅၀၀ ​ကျော်​နေသည့်တိုင် ​ရောင်းလိုသူမရှိ၍ဒေါ်လာဝယ်ယူလိုသူများက စောင့်ဆိုင်းနေရသည်ဟု ၎င်းတို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“အခုက ဈေးကွက်အရမဟုတ်တော့ဘူး။ ဘာဖြစ်မယ်ဆိုတာ မသိတော့တဲ့ မသေချာမရေရာတဲ့ အနေအထားကို ရောက်သွားပြီး လူတွေက မနက်ဖြန်ဘာဖြစ်မယ်ဆိုကို မသိတဲ့ အခြေအနေဖြစ်သွားတာ။ ဒါကြောင့် အခုလို ရွှေနဲ့ဒေါ်လာကို လိုက်ဝယ်နေကြတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထိုပြင်အခေါက်ရွှေတစ်ကျပ်သား ၃၄သိန်းအထိဈေးတက်လာပြီး ဈေးနှုန်းလည်း မတည်ငြိမ်ကြောင်းလည်း ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

“ရွှေလည်း ဆိုင်တွေက အရောင်းပိတ်ထားလိုက်ပြီး လာရောင်းရင် ဝယ်ပေးတယ်။ ဆိုင်တွေက မရောင်းပေးတော့ဘူး”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယနေ့ မနက်ပိုင်းတွင်ရွှေဈေးကို အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၃သိန်းခွဲနှင့်တစ်ဒေါ်လာဈေးကို ကျပ် ၄၃၀၀ဖြင့် ဈေးဖွင့်ခဲ့ခြင်းဖြစ်သည်။

ယမန်​နေ့(သြဂုတ် ၃၀) ည​နေက​ဒေါ်လာ​ဈေးမှာ ၃၇၀၀ ကျပ်နှင့် ​ရွှေ​ဈေးမှာ​ကျပ် ၃၂သိန်း ​ဖြင့်ဈေးပိတ်ခဲ့သည်။

စစ်အုပ်စုအာဏာမသိမ်းခင် ၂၀၂၁ ​ဇန်နဝါရီလကုန်ပိုင်းက ၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ် ၊​ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်း​ကျော်သာရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။