Connect with us

Hi, what are you looking for?

News

PDF-Zoland ​ခေါင်း​ဆောင်ကိုလုပ်ကြံခဲ့​သော အိန္ဒိယနယ်စပ်အ​ခြေစိုက်လက်နက်ကိုင်အဖွဲ့ကို CJDCသတိ​ပေး

CJDC အနေဖြင့် စစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို အမြစ်ပြတ်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

အကြမ်းဖက်စစ်​ကောင်စီကို​တော်လှန်​နေ​သောPDF-Zoland ​ခေါင်း​ဆောင်ကို အန္ဒိယနယ်စပ်တွင်အ​ခြေစိုက်ကာ စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​​သည့် ဇိုမီ​တော်လှန်​ရေးတပ် (ZRA)က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းအ​ပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီးစစ်အာဏာရှင်စနစ်နှင့်ပူး​ပေါင်း​​သော အဖွဲ့အစည်း၊ပုဂ္ဂိုလ်များကိုအမြစ်ပြတ် တိုက်ထုတ်သွားမည်ဟု ချင်း​ဒေသကာကွယ်​ရေးပူး​ပေါင်း​ကော်မတီ (CJDC) ကသတိပေးလိုက်သည်။

အချက်​လေးချက်ပါဝင်​သော ယ​​နေ့(ဒီဇင်ဘာ ၁၁)ထုတ်ပြန်ချက်တွင် မဏိပူးရ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ၌ အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zomi Revolutionary Army (ZRA) မှ ချင်းပြည်အတွင်းတွင် အခြေစိုက်သော PDF-Zoland ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် Pu Cin Sian Sum (အသက် ၃၈ နှစ်) အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းတွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု​ဖော်ပြထားသည်။

Pu Cin Sian Sum သည် မင်းအောင်လှိုင် ဦးစီးဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီမှ မတရား အာဏာသိမ်းသည့်အချိန်မှစ၍ PDF-Zoland တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၎င်း၏ အသက်ပေးဆပ်ရခြင်းအပေါ် Chinland Joint Defense Committee (CJDC) အနေဖြင့် ကျန်ရစ်သူ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်ဟုပါရှိသည်။

ZRA သည် စစ်အာဏာရှင် တော်လှန်ရေးတွင် မပါဝင်သည့်အပြင် ချင်းပြည်အတွင်း မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များအား အကြိမ်ကြိမ်နှောင့်ယှက် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မိမိအမျိုးသားများအပေါ် အာဏာရှင်ကဲ့သို့ လူသားမဆန်စွာ သတ်ဖြတ်ခြင်း၊ နှောက်ယှက်ခြင်း လုပ်ရပ်များအား CJDC မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

CJDC အနေဖြင့် စစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို အမြစ်ပြတ်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

PDF-Zoland ​ခေါင်း​ဆောင်ကို ​ဆွေး​နွေးရန်ရှိသည်ဟု ZRAကလိမ်လည်ဖိတ်​ခေါ်ပြီး အနီးကပ်​သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများထံမှသိ့ရသည်။ZRAသည် မြန်မာနယ်စပ်တွင်စစ်​ကောင်စီသ​ဘောတူညီချက်နှင့် ခိုလှုံပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်​နေ​သောသူပုန်အဖွဲ့တစ်ခုဖြစ်သည်။စစ်​ကောင်စီအာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီနှင့်နားလည်မှုယူကာ စစ်​ကောင်စီကိုခုခံ​တော်လှန်​နေသူများကို မကြာခဏ ​နှောင်ယှက်တိုက်ခိုက်​နေ​သောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒရုန်း​တွေနဲ့ ၂ ကြိမ် တိုက်ခိုက်မှုမှာULFA ​​ခေါင်း​ဆောင်ပိုင်း ၃ ဦး​သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

နိုင်ငံတကာ

အိန္ဒိယနိုင်ငံရဲ့ ဂူဂျာရတ် ပြည်နယ်ထဲမှာ မြစ်ကူးတံတားတစ်စင်း ရုတ်တရက် ကျိုးကျရာက လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြားက စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ လောက်ဟာ အိန္ဒိယ နိုင်ငံဖက်ခြမ်း၊ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းဌာန NDTV က​ဖော်ပြပါတယ်။

နိုင်ငံတကာ

စက်ချွတ်ယွင်းမှုကြောင့် အိန္ဒိယရဲ့ ပြည်နယ်တစ်ခုမှာ သောင်တင်နေတဲ့ ဗြိတိန် တိုက်လေယာဉ် တစ်စီးဟာ အခုတော့ အဲဒီ ပြည်နယ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးတက်ရေး သံတမန် တာဝန်ကိုပါ မမျှော်လင့်ဘဲ ထမ်းဆောင်နေပါပြီ။