Connect with us

Hi, what are you looking for?

News

PDF-Zoland ​ခေါင်း​ဆောင်ကိုလုပ်ကြံခဲ့​သော အိန္ဒိယနယ်စပ်အ​ခြေစိုက်လက်နက်ကိုင်အဖွဲ့ကို CJDCသတိ​ပေး

CJDC အနေဖြင့် စစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို အမြစ်ပြတ်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

အကြမ်းဖက်စစ်​ကောင်စီကို​တော်လှန်​နေ​သောPDF-Zoland ​ခေါင်း​ဆောင်ကို အန္ဒိယနယ်စပ်တွင်အ​ခြေစိုက်ကာ စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​​သည့် ဇိုမီ​တော်လှန်​ရေးတပ် (ZRA)က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းအ​ပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီးစစ်အာဏာရှင်စနစ်နှင့်ပူး​ပေါင်း​​သော အဖွဲ့အစည်း၊ပုဂ္ဂိုလ်များကိုအမြစ်ပြတ် တိုက်ထုတ်သွားမည်ဟု ချင်း​ဒေသကာကွယ်​ရေးပူး​ပေါင်း​ကော်မတီ (CJDC) ကသတိပေးလိုက်သည်။

အချက်​လေးချက်ပါဝင်​သော ယ​​နေ့(ဒီဇင်ဘာ ၁၁)ထုတ်ပြန်ချက်တွင် မဏိပူးရ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ၌ အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zomi Revolutionary Army (ZRA) မှ ချင်းပြည်အတွင်းတွင် အခြေစိုက်သော PDF-Zoland ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် Pu Cin Sian Sum (အသက် ၃၈ နှစ်) အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းတွင် လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု​ဖော်ပြထားသည်။

Pu Cin Sian Sum သည် မင်းအောင်လှိုင် ဦးစီးဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီမှ မတရား အာဏာသိမ်းသည့်အချိန်မှစ၍ PDF-Zoland တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၎င်း၏ အသက်ပေးဆပ်ရခြင်းအပေါ် Chinland Joint Defense Committee (CJDC) အနေဖြင့် ကျန်ရစ်သူ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်ဟုပါရှိသည်။

ZRA သည် စစ်အာဏာရှင် တော်လှန်ရေးတွင် မပါဝင်သည့်အပြင် ချင်းပြည်အတွင်း မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များအား အကြိမ်ကြိမ်နှောင့်ယှက် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် မိမိအမျိုးသားများအပေါ် အာဏာရှင်ကဲ့သို့ လူသားမဆန်စွာ သတ်ဖြတ်ခြင်း၊ နှောက်ယှက်ခြင်း လုပ်ရပ်များအား CJDC မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

CJDC အနေဖြင့် စစ်အာဏာရှင်စနစ်နှင့်ပူးပေါင်းသော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို အမြစ်ပြတ်တိုက်ထုတ်သွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

PDF-Zoland ​ခေါင်း​ဆောင်ကို ​ဆွေး​နွေးရန်ရှိသည်ဟု ZRAကလိမ်လည်ဖိတ်​ခေါ်ပြီး အနီးကပ်​သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများထံမှသိ့ရသည်။ZRAသည် မြန်မာနယ်စပ်တွင်စစ်​ကောင်စီသ​ဘောတူညီချက်နှင့် ခိုလှုံပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်​နေ​သောသူပုန်အဖွဲ့တစ်ခုဖြစ်သည်။စစ်​ကောင်စီအာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီနှင့်နားလည်မှုယူကာ စစ်​ကောင်စီကိုခုခံ​တော်လှန်​နေသူများကို မကြာခဏ ​နှောင်ယှက်တိုက်ခိုက်​နေ​သောအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။