Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ၊ ဒီပဲယင်း၊ ရေဦးလမ်းပိုင်းတွင် ခရီးသည်တင်ယာဥ်နှင့်ကုန်တင်ယာဥ်များသွားလာခြင်းမပြုရန်ပန်ကြား

ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

လတ်တလော စစ်ရေးနှင့် နယ်မြေလုံခြုံရေးအရ မုံရွာ-ဒီပဲယင်း-ရေဦး လမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။

ထို့အပြင် အိမ်စီးကားများ ဖြတ်သန်းသွားလာမည်ဆိုပါက ကားမှန်များ အောက်ချ၍မောင်းနှင်ရန်၊ အလံဖြူ (သို့မဟုတ် )အဝတ်ဖြူထောင်၍ မောင်းနှင်ကြရန်လည်း အသိပေး ထားသည်။အရေးပေါ်အကြောင်းတစ်စုံတစ်ရာရှိခဲ့ပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များထံ ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က ထုတ်ပြန်ထားသည်။

ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ယမန်နေ့က ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင် အင်အား ၁၀၀ခန့်ရှိ စစ်‌ကောင်စီစစ်ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။