Connect with us

Hi, what are you looking for?

News

မုံရွာ၊ ဒီပဲယင်း၊ ရေဦးလမ်းပိုင်းတွင် ခရီးသည်တင်ယာဥ်နှင့်ကုန်တင်ယာဥ်များသွားလာခြင်းမပြုရန်ပန်ကြား

ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

လတ်တလော စစ်ရေးနှင့် နယ်မြေလုံခြုံရေးအရ မုံရွာ-ဒီပဲယင်း-ရေဦး လမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။

ထို့အပြင် အိမ်စီးကားများ ဖြတ်သန်းသွားလာမည်ဆိုပါက ကားမှန်များ အောက်ချ၍မောင်းနှင်ရန်၊ အလံဖြူ (သို့မဟုတ် )အဝတ်ဖြူထောင်၍ မောင်းနှင်ကြရန်လည်း အသိပေး ထားသည်။အရေးပေါ်အကြောင်းတစ်စုံတစ်ရာရှိခဲ့ပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များထံ ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က ထုတ်ပြန်ထားသည်။

ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။