Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ ဆိုင်ကယ်စီး ဇနီးမောင်နှံ ၂ ဦးသေနတ်နဲ့ပစ်သတ်ခံရ၊ အမျိုသမီးဟာ သူနာပြုဖြစ်ပြီး ကိုယ်ဝန် ၄ လခန့်လွယ်ထားသူဖြစ်

မြို့တော်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဇနီးကိုအမျိုးသားက လိုက်လံပို့ဆောင်ပေးချိန်မှာ ဒီဖြစ်ရပ်ဆိုးနဲ့ကြုံခဲ့ရတာပါ။

အခင်းဖြစ်ပွားရာနေရာကိုတွေ့ရစဉ်

မန္တလေး ၊ ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရှေ့မှာ ဆိုင်ကယ်စီး ဇနီးမောင်နှံ ဟာ ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားပါတယ်။

မနက် ၇ နာရီလောက်မှာ ဒီဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူ ဇနီးမောင်နှံအနက် အမျိုးသမီး ဟာ သူနာပြုဖြစ်ပြီးကိုယ်ဝန်ဆောင်ထားသူဖြစ်တယ်လို့သိရပါတယ်။

မြို့တော်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဇနီးကိုအမျိုးသားက လိုက်လံပို့ဆောင်ပေးချိန်မှာ ဒီဖြစ်ရပ်ဆိုးနဲ့ကြုံခဲ့ရတာပါ။

သေနတ်ဒဏ်ရာကြောင့် ၂ ဦးလုံး သေဆုံးသွားပြီး အမျိုးသမီးဟာကိုယ်ဝန် ၄ လခန့် ရှိပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ညပိုင်းကလည်း မန္တလေးမြို့ ကျုံးဘေး ၂၆ လမ်း ၊ ၇၈ လမ်းထောင့်မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ဦးကို စစ်ဆေးဖို့တားရာမှာရပ်မပေးလို့ ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်လို့ ၃ ဦး ဒဏ်ရာရသွားပြီး ၁ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။