Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ဆိုင်ကယ်စီး ဇနီးမောင်နှံ ၂ ဦးသေနတ်နဲ့ပစ်သတ်ခံရ၊ အမျိုသမီးဟာ သူနာပြုဖြစ်ပြီး ကိုယ်ဝန် ၄ လခန့်လွယ်ထားသူဖြစ်

မြို့တော်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဇနီးကိုအမျိုးသားက လိုက်လံပို့ဆောင်ပေးချိန်မှာ ဒီဖြစ်ရပ်ဆိုးနဲ့ကြုံခဲ့ရတာပါ။

အခင်းဖြစ်ပွားရာနေရာကိုတွေ့ရစဉ်

မန္တလေး ၊ ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရှေ့မှာ ဆိုင်ကယ်စီး ဇနီးမောင်နှံ ဟာ ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားပါတယ်။

မနက် ၇ နာရီလောက်မှာ ဒီဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူ ဇနီးမောင်နှံအနက် အမျိုးသမီး ဟာ သူနာပြုဖြစ်ပြီးကိုယ်ဝန်ဆောင်ထားသူဖြစ်တယ်လို့သိရပါတယ်။

မြို့တော်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဇနီးကိုအမျိုးသားက လိုက်လံပို့ဆောင်ပေးချိန်မှာ ဒီဖြစ်ရပ်ဆိုးနဲ့ကြုံခဲ့ရတာပါ။

သေနတ်ဒဏ်ရာကြောင့် ၂ ဦးလုံး သေဆုံးသွားပြီး အမျိုးသမီးဟာကိုယ်ဝန် ၄ လခန့် ရှိပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ညပိုင်းကလည်း မန္တလေးမြို့ ကျုံးဘေး ၂၆ လမ်း ၊ ၇၈ လမ်းထောင့်မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ဦးကို စစ်ဆေးဖို့တားရာမှာရပ်မပေးလို့ ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်လို့ ၃ ဦး ဒဏ်ရာရသွားပြီး ၁ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။