Connect with us

Hi, what are you looking for?

News

NUG က စစ်ရှောင်များအတွက်နိုဝင်ဘာလတွင်ကျပ်သိန်းတစ်ထောင်ကျော်ထောက်ပံ့

ထောက်ပံ့မှုအားလုံးသည် ပြည်သူမှ ပြည်သူသို့ ကူညီမှုများဖြစ်ပြီး မြန်မာပြည်သူပြည်သားများနှင့် အတူနိုင်ငံခြားသား ပြည်သူအချို့လည်း ပါဝင်ကူညီထားသည်ဟုအသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက နိုဝင်ဘာလအတွင်း၌ နိုင်ငံတဝှမ်းသို့ပေးပို့ခဲ့သည့် လူသားချင်းစာနာမှု အကူ အညီထောက်ပံ့မှု ကျပ်သိန်း နှစ်ထောင်ခန့်ရှိခဲ့ရာ ကျပ်သိန်း ၁၁၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက် ပြေး တိမ်းရှောင်သူများနှင့် စစ်ဘေးရှောင်များ အတွက် ထောက်ပံ့ခဲ့သည်ဟုဝန်ကြီးဌာနကထုတ်ပြန်သည်။

လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့မှု ကျပ် ၁၈၈ ဒသမ ၉၇ သန်း(ကျပ်သိန်း ၁၈၉၀နီးပါး) အသုံးပြုခဲ့ရာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများနှင့် စစ်ဘေးရှောင်များကို ကျပ် ၁၁၄ သန်းကျော်၊ ကျဆုံးသူများ၏ မိသားစုဝင်များအတွက် ၁၃ သန်းကျော်၊ ဝန်ကြီးဌာနမှ CDM များအတွက် ထောက်ပံ့မှု ကျပ်သန်း ၂၀ကျော်၊ CDM ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေး ၂နှစ်အောက် မိခင်များ၊ မသန်စွမ်း ပြည်သူများအပါအဝင် ထိခိုက်လွယ် ပြည်သူများနှင် ၎င်းတို့မိသားစုများအတွက် အတွက် ကျပ်သန်း ၂၀နီးပါးနှင့် အထွေထွေ လူသားချင်း စာနာမှု အကူအညီ ကျပ် ၂၁သန်း ကျော် ပေးအပ်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement

ထောက်ပံ့မှုအားလုံးသည် ပြည်သူမှ ပြည်သူသို့ ကူညီမှုများဖြစ်ပြီး မြန်မာပြည်သူပြည်သားများနှင့် အတူနိုင်ငံခြားသား ပြည်သူအချို့လည်း ပါဝင်ကူညီထားသည်ဟုအသိပေးသည်။

ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့မှုလိုအပ်သည့် ပဋိပက္ခ ဖြစ်ပွားရာ နေရာက ပြည်သူများအတွက် တတ်စွမ်းသမျှ တောက်လျှောက် ပံ့ပိုးနေသော်လည်း လုံခြုံရေးအခြေအနေအရ အသေးစိတ် ကို အချိန်နှင့် တပြေးညီ မထုတ်ပြန်နိုင်ခြင်းအပေါ် နားလည်ပေးစေလိုကြောင်း လည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထောက်ပံ့မှုများ စဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသော်လည်း လိုအပ်ချက်များ အများအပြားရှိနေဆဲ ဖြစ်ကြောင်း၊ စစ်ကောင်စီ ပြုတ်ကျမှသာ ဤပဋိပက္ခအခြေအနေများ ရပ်တန့်သွားမည် ဖြစ်သော ကြောင့် ပြည်သူများအနေနှင့် စစ်ကောင်စီ အမြန်ပြုတ်ကျရေးကို တတ်နိုင်သည့်ဘက်က အားစိုက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ဝန်ကြီးဌာနကတိုင်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။