Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ-ဒီပဲယင်း-ရေဦးလမ်းပိုင်းသွားလာခွင့် ပြည်သူကာကွယ်ရေးအဖွဲ့ ကန့်သတ်ထား

အထက်ပါလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။

People's Spring
People's Spring

လတ်တလော စစ်ရေးနှင့် နယ်မြေလုံခြုံရေးအရ မုံရွာ-ဒီပဲယင်း-ရေဦး လမ်းပိုင်းအား သွားလာခွင့် ကန့်သတ်လိုက်သည့် အသိပေးချက်ကို ဂဠုန်တပ်တော် (ဒီပဲယင်း)က ထုတ်ပြန်လိုက်သည်။

အထက်ပါလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။

ထို့အပြင် အိမ်စီးကားများ ဖြတ်သန်းသွားလာမည်ဆိုပါက ကားမှန်များ အောက်ချ၍မောင်းနှင်ရန်၊ အလံဖြူ (သို့မဟုတ် )အဝတ်ဖြူထောင်၍ မောင်းနှင်ကြရန်လည်း အသိပေး ထားသည်။အရေးပေါ်အကြောင်းတစ်စုံတစ်ရာရှိခဲ့ပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များထံ ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က ထုတ်ပြန်ထားသည်။

ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။ နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရာထူးယူထားသည့် မြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။