Connect with us

Hi, what are you looking for?

News

မုံရွာ-ဒီပဲယင်း-ရေဦးလမ်းပိုင်းသွားလာခွင့် ပြည်သူကာကွယ်ရေးအဖွဲ့ ကန့်သတ်ထား

အထက်ပါလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။

People's Spring
People's Spring

လတ်တလော စစ်ရေးနှင့် နယ်မြေလုံခြုံရေးအရ မုံရွာ-ဒီပဲယင်း-ရေဦး လမ်းပိုင်းအား သွားလာခွင့် ကန့်သတ်လိုက်သည့် အသိပေးချက်ကို ဂဠုန်တပ်တော် (ဒီပဲယင်း)က ထုတ်ပြန်လိုက်သည်။

အထက်ပါလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။

ထို့အပြင် အိမ်စီးကားများ ဖြတ်သန်းသွားလာမည်ဆိုပါက ကားမှန်များ အောက်ချ၍မောင်းနှင်ရန်၊ အလံဖြူ (သို့မဟုတ် )အဝတ်ဖြူထောင်၍ မောင်းနှင်ကြရန်လည်း အသိပေး ထားသည်။အရေးပေါ်အကြောင်းတစ်စုံတစ်ရာရှိခဲ့ပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များထံ ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြရန် အနူးအညွတ်ပန်ကြားအပ်ပါသည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က ထုတ်ပြန်ထားသည်။

ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။ နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရာထူးယူထားသည့် မြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

Facebook