Connect with us

Hi, what are you looking for?

News

ရှမ်းပြည်သို့ ယာယီပြောင်းရွှေ့ခံရသည့် ရဲတပ်ကြပ်တစ်ဦး KDFထံ ပူးပေါင်း

ရဲတပ်ကြပ် ဦးနေလင်းအောင် ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုကြောင်းနှင့် ပြည်သူ့ရင်ခွင် ခို့လှုံနိုင်ရေး ဆက်လက်ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်ကြပ်တစ်ဦးသည် ဒီဇင်ဘာ ၁၃ရက်တွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ထံလာရောက် ပူးပေါင်းခဲ့ကြောင်း KDFက သတင်းထုတ်ပြန်သည်။

ကိုယ်ပိုင်အမှတ် လ – ၁၅၉၂၉၈ ရဲတပ်ကြပ် ဦးနေလင်းအောင်သည် တာချီလိတ် ဝမ်ပုံရဲစခန်းမှ တစ်ဆင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့သို့ တွဲဖက် ၂လတာဝန်ကျစဥ် စစ်အာဏာရှင် ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် KDF နှင့်လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ရဲတပ်ကြပ် ဦးနေလင်းအောင် ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုကြောင်းနှင့် ပြည်သူ့ရင်ခွင် ခို့လှုံနိုင်ရေး ဆက်လက်ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဆက်လက်၍ ပြည်သူနှင့်အတူ ပူပေါင်းပါဝင်လာမည့် တပ်မတော်သားများနှင့်ရဲဝန်ထမ်းများအား ကြိုဆိုလျက်ရှိကြောင်းလည်း KDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

နိုင်ငံတကာ

တရုတ်နဲ့ ဆက်ဆံရေး ပြန်လည် နွေးထွေးလာစေဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ လိုလားကြောင်း ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်က သူ့ရဲ့ ဘေဂျင်းခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

လားရှိုးမြို့နယ်အတွင်း MNDAAနှင့် SSPP နှစ်ဘက်အင်အားဖြည့်တင်းနေသည့် ဟန်နားကျေးရွာမှ ရွာလူကြီးကို MNDAAက ဖမ်းဆီးသွား၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆိုသည်။