Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှမ်းပြည်သို့ ယာယီပြောင်းရွှေ့ခံရသည့် ရဲတပ်ကြပ်တစ်ဦး KDFထံ ပူးပေါင်း

ရဲတပ်ကြပ် ဦးနေလင်းအောင် ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုကြောင်းနှင့် ပြည်သူ့ရင်ခွင် ခို့လှုံနိုင်ရေး ဆက်လက်ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်ကြပ်တစ်ဦးသည် ဒီဇင်ဘာ ၁၃ရက်တွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ထံလာရောက် ပူးပေါင်းခဲ့ကြောင်း KDFက သတင်းထုတ်ပြန်သည်။

ကိုယ်ပိုင်အမှတ် လ – ၁၅၉၂၉၈ ရဲတပ်ကြပ် ဦးနေလင်းအောင်သည် တာချီလိတ် ဝမ်ပုံရဲစခန်းမှ တစ်ဆင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့သို့ တွဲဖက် ၂လတာဝန်ကျစဥ် စစ်အာဏာရှင် ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် KDF နှင့်လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ရဲတပ်ကြပ် ဦးနေလင်းအောင် ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုကြောင်းနှင့် ပြည်သူ့ရင်ခွင် ခို့လှုံနိုင်ရေး ဆက်လက်ဆောင်ရွတ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဆက်လက်၍ ပြည်သူနှင့်အတူ ပူပေါင်းပါဝင်လာမည့် တပ်မတော်သားများနှင့်ရဲဝန်ထမ်းများအား ကြိုဆိုလျက်ရှိကြောင်းလည်း KDFက ထုတ်ပြန်သည်။