Connect with us

Hi, what are you looking for?

သတင်း

MNDAAဖမ်းသွားသည့် ဟန်နားရွာလူကြီးကို ပြန်လွှတ်ပေးရန်ဒေသခံများတောင်းဆို

လားရှိုးမြို့နယ်အတွင်း MNDAAနှင့် SSPP နှစ်ဘက်အင်အားဖြည့်တင်းနေသည့် ဟန်နားကျေးရွာမှ ရွာလူကြီးကို MNDAAက ဖမ်းဆီးသွား၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆိုသည်။

ဇွန်-၇၊၂၀၂၅။ယောနသံ/People’s Spring

လားရှိုးမြို့နယ်အတွင်း MNDAAနှင့် SSPP နှစ်ဘက်အင်အားဖြည့်တင်းနေသည့် ဟန်နားကျေးရွာမှ ရွာလူကြီးကို MNDAAက ဖမ်းဆီးသွား၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆိုသည်။

ဟန်နာကျေးရွာ ရွာလူကြီး ဦးဆိုင်ကြာကို ဇွန်လ ၅ ရက်ညနေတွင် MNDAAတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးဇွန်လ ၇ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံတဦးကပြောသည်။

” ၅ရက်နေ့က တိုက်ပွဲဖြစ်ပြီး ခဏ ပြန်ဆုတ်သွားတယ်။ ပြီးတော့ အင်အားအများကြီးနဲ့တပ်ပြန်စွဲလာတယ်။ ဦးဆိုင်ကြာကိုလည်း အသားလွတ်ဖမ်းသွားတာ။သူ(ဦးဆိုင်ကြာ)က ရွာကခန့်ထားတဲ့ရွာလူကြီးဖြစ်ပါတယ်။အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရွာသားတွေအနေနဲ့တောင်းဆိုပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးဆိုင်ကြာအား ဖမ်းဆီးသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ MNDAAက သတင်းမထုတ်ပြန်သေးပေ။ MNDAA နှင့် နီးစပ်သူမှတဆင့် ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)သည် ဟန်နားကျေးရွာနှင့်နားလိုင်ကျေးရွာအနီးတွင် ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

SSPP/SSA စစ်ကြောင်းကို MNDAA တပ်မ အမှတ် (၆၁၁) လက်အောက်ခံတပ်က ခြုံခိုတိုက်ခိုက်၍နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ခြင်းဟု SSPPက ထုတ်ပြန်ခဲ့သည်။MNDAA တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည် ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်စလုံးကအင်အားထပ်မံဖြည့်တင်းထား၍နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာမှဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

MNDAAနှင့် မဟာမိတ်များကလားရှိုးမြို့ကို ၂၀၂၄ ခုနှစ်သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်အုပ်ချုပ်ခဲ့သည်။သို့သော်တရုတ်အစိုးရ၏ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA ပြန်လည်ဆုတ်ခွာခဲ့ရပြီး မြို့ပေါ်ရပ်ကွက် ၁၂ခုကို ပြီးခဲ့သည့် ဧပြီလမှစတင်က စစ်ကောင်စီ ပြန်ထိန်းချုပ်ထားသည်။ ယခုတိုက်ပွဲဖြစ်ပွားသည့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများသည် SSPP စစ်ရေးလှုပ်ရှားသည့်နယ်မြေများတွင်ပါဝင်နေသည်။

ပြီးခဲ့သည့်ဧပြီလ၂၉ ရက်နေ့ကလည်း သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းကို ဖယ်ရှားရန်MNDAAက လာရောက်တောင်းဆိုရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံဖြေရှင်းမည်ဟု SSPPက မတ်လ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Facebook