Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်​ရေးကာလအတွင်း မသမာသူများက ပြန်​ပေးဆွဲ၊ ခြိမ်း​ခြောက်​ငွေ​တောင်းခံမှုများ လုပ်​ဆောင်​နေ၍ တိုင်ကြားကြရန် KNDF ​ကြေညာ

ဒီဇင်ဘာ ၁၀ ရက်ကလည်း ခဲသတ္ထုလုပ်ငန်းလုပ်‌ကိုင်ဆောင်ရွက်သူတစ်ဦးထံသို့ ကျပ်သိန်း ၅၀၀ တိတိ ထောက်ပံ့ကြေးပေးရန် မသမာသူတစ်စုက ခြိမ်းခြောက်တောင်းဆိုခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု KNDF ကဆိုသည်။

တော်လှန်ကာလအတွင်း မသမာသူများက ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို မကြာခဏလုပ်ဆောင်နေသည့်အတွက် ဆက်သွယ်တိုင်ကြားရန် ကရင်နီတပ်မတော် (KNDF)က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) ထုတ်ပြန်သည်။

KNDF ၏ ထိန်းချုပ်နယ်မြေတွင် လွန်ခဲ့သည့်သုံးလအတွင်း ပြန်ပေးဆွဲမှု သုံးခုနှင့် ခြိမ်းခြောက်ငွေညှစ်သည့် အမှုများရှိခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း ခဲသတ္ထုလုပ်ငန်းလုပ်‌ကိုင်ဆောင်ရွက်သူတစ်ဦးထံသို့ ကျပ်သိန်း ၅၀၀ တိတိ ထောက်ပံ့ကြေးပေးရန် မသမာသူတစ်စုက ခြိမ်းခြောက်တောင်းဆိုခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု KNDF ကဆိုသည်။

အဆိုပါလုပ်ရပ်များကို လုပ်ဆောင်သူများသည် လက်နက်တပ်ဆင်ထားသော မသမာသူများနှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များဖြစ်သည်ကို သက်သေတွေတွေ့ရှိထားသော်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသာ အပြစ်ပုံချနေသည်ဟု KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

PDFဟု အမည်ခံကာ ခြိမ်းခြောက်ငွေညှစ်ခြင်းများသည် စစ်ကိုင်းတိုင်းအတွင်း၌လည်း ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

ဆောင်းပါး

ကရင်နီပြည်နယ်နှင့်အတူ ရှမ်းမြောက်၊ စစ်ကိုင်း အပါ အဝင် ပြည်နယ်အသီးသီးက ခိုင်မာသည့် ညီ ညွတ်မှုများဖြင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နေကြောင်းကို နိုင်ငံတကာကို အသိပေးကြရမည်ဟုလည်း KNDF ဥက္ကဌက အကြံပြုသည်။