Connect with us

Hi, what are you looking for?

News

တော်လှန်​ရေးကာလအတွင်း မသမာသူများက ပြန်​ပေးဆွဲ၊ ခြိမ်း​ခြောက်​ငွေ​တောင်းခံမှုများ လုပ်​ဆောင်​နေ၍ တိုင်ကြားကြရန် KNDF ​ကြေညာ

ဒီဇင်ဘာ ၁၀ ရက်ကလည်း ခဲသတ္ထုလုပ်ငန်းလုပ်‌ကိုင်ဆောင်ရွက်သူတစ်ဦးထံသို့ ကျပ်သိန်း ၅၀၀ တိတိ ထောက်ပံ့ကြေးပေးရန် မသမာသူတစ်စုက ခြိမ်းခြောက်တောင်းဆိုခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု KNDF ကဆိုသည်။

တော်လှန်ကာလအတွင်း မသမာသူများက ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို မကြာခဏလုပ်ဆောင်နေသည့်အတွက် ဆက်သွယ်တိုင်ကြားရန် ကရင်နီတပ်မတော် (KNDF)က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) ထုတ်ပြန်သည်။

KNDF ၏ ထိန်းချုပ်နယ်မြေတွင် လွန်ခဲ့သည့်သုံးလအတွင်း ပြန်ပေးဆွဲမှု သုံးခုနှင့် ခြိမ်းခြောက်ငွေညှစ်သည့် အမှုများရှိခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်ကလည်း ခဲသတ္ထုလုပ်ငန်းလုပ်‌ကိုင်ဆောင်ရွက်သူတစ်ဦးထံသို့ ကျပ်သိန်း ၅၀၀ တိတိ ထောက်ပံ့ကြေးပေးရန် မသမာသူတစ်စုက ခြိမ်းခြောက်တောင်းဆိုခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု KNDF ကဆိုသည်။

အဆိုပါလုပ်ရပ်များကို လုပ်ဆောင်သူများသည် လက်နက်တပ်ဆင်ထားသော မသမာသူများနှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များဖြစ်သည်ကို သက်သေတွေတွေ့ရှိထားသော်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသာ အပြစ်ပုံချနေသည်ဟု KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

PDFဟု အမည်ခံကာ ခြိမ်းခြောက်ငွေညှစ်ခြင်းများသည် စစ်ကိုင်းတိုင်းအတွင်း၌လည်း ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။