Connect with us

Hi, what are you looking for?

News

တောင်ကိုရီးယား မူလတန်းကျောင်းသားများက အဝတ်အထည်နှင့် ကစားစရာများရောင်း၍ မြန်မာသို့လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ယခုနှစ် အောက်တိုဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ မူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများက ၎င်းတို့ကိုယ်ပိုင်အဝတ်အထည်နှင့် ကစားစရာများရောင်းချပြီး ရရှိငွေကို မြန်မာသို့လှူဒါန်းပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် တောင်ကိုရီးယားနိုင်ငံ၊ ဂန်ဝန်ပြည်နယ်၊ ဟွာချွန်းမြို့၊ ယုန်အမ်းမူလတန်းကျောင်းသူ ကျောင်းသားလေးများက အဝတ်အထည်နှင့် ကစားစရာများရောင်ရငွေ ကိုရီးယားဝမ်တစ်သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ဒီမိုကရေစီ တိုက်ပွဲဝင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မျှော်လင့်ချက်အား လုံးဝမစွန့်လွှတ်ဖို့ တိုက်တွန်းသည့် ဆုတောင်းစာကိုလည်း ကိုရီးယားမူလတန်းကျောင်းသားကျောင်းသူလေးများက ပေးပို့ခဲ့ကြောင်း မြန်မာကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ယခုနှစ် အောက်တိုဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Facebook