Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို ထပ်တိုးအရေးယူမှုများလုပ်ဆောင်ရန် အမေရိကန် စောင့်ကြည့်နေ

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်နှင့် အနောက်နိုင်ငံအချို့သည် စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် အဖွဲ့အစည်းအချို့ကို ထပ်မံ ပစ်မှတ်ထားဒဏ်ခတ်အရေးယူခဲ့သည်။

(အ​မေရိကန်နိုင်ငံခြားဝန်ကြီးနှင့် မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးတို့ ​တွေ့ဆုံစဥ်)

မြန်မာစစ်ကောင်စီကို ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများလုပ်ဆောင်ရန် စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယနေ့ (ဒီဇင်ဘာ ၁၅ရက်)ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံသို့ရောက်ရှိနေစဉ် မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်ဆန်းတွင် သမ္မတဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ၏ အထူးထိပ်သီးညီလာခံကို ကျင်းပမည်ဟု ဆိုသည်။

“စစ်ကောင်စီကို ဖိအားပေးရေး ကျွန်တော်တို့ သီးခြားနဲ့ စုပေါင်းလုပ်ဆောင်နိုင်တဲ့ နောက်ထပ်အဆင့်တွေ၊ အရေးယူမှုတွေဟာ လာမယ့် သီတင်းပတ်တွေ၊ လတွေမှာ အရေးကြီးပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်နှင့် အနောက်နိုင်ငံအချို့သည် စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် အဖွဲ့အစည်းအချို့ကို ထပ်မံ ပစ်မှတ်ထားဒဏ်ခတ်အရေးယူခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၁၇ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လုပ်ဆောင်ခဲ့မှုများက လူမျိုးတုံးသတ်ဖြတ်ခြင်း(Genocide)ပြစ်မှုမြောက်၊ မမြောက်ကို ဆက်လက်ဆန်းစစ်နေဆဲဖြစ် သည်ဟု ဝန်ကြီး Blinken က ပြောသည်။

ကိုးကား-ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook