Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုမြို့နယ် မိနစ်၂၀ကြာတိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးထက်မနည်း​သေဟု KNDF ထုတ်ပြန်

ကရင်နီပြည်နယ်အတွင်း ယခုဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန် ရေးအင်အားစုများကြား အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများ အနည်းဆုံးငါးကြိမ်ရှိခဲ့သည်။

ဒီးမော့ဆိုမြို့နယ် ခြောက်မိုင်ကျေးရွာအုပ်စု ဟိုဝမ်နှင့် ဝပ်လထွားဘက်အတွင်းသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်မတော်(KNDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက လေးဦးထက်မနည်းသေဆုံးကာ ငါးဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း KNDFက ထုတ်ပြန် သည်။

ကရင်နီတပ်မတော်ဘက်မှလည်း နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)က ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ် လွိုင်လင်လေး အရှေ့ဖက်ခြမ်းရှိ နားကွယ်ရွာနဲ့ ရေကန်ရွာအနီး၌ အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ကရင်နီတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့​သည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်အတွင်း ယခုဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန် ရေးအင်အားစုများကြား အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲများ အနည်းဆုံးငါးကြိမ်ရှိခဲ့သည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ အနည်းဆုံး၁၀ဦီး သေဆုံးခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ အကျအဆုံးမရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။