Connect with us

Hi, what are you looking for?

News

ကနီတွင် ​ရေ​​ကြောင်း၊ ကုန်းကြောင်း​ဖြင့်စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးမှုအ​ပေါ်​​ဒေသခံမဟာမိတ်များပူး​ပေါင်းတိုက်ခိုက်

တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့်အတွက် အထိအခိုက်အကျအဆုံးစာရင်းများကို အသေးစိတ် မသိရသေးဘဲ နောက်ဆက်တွဲအခြေအနေများကို ထပ်မံထုတ်ပြန်ကြေညာပေးမည်ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က အသိပေးသည်။

(​ရေမြုပ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီးသ​ဘော်တစ်စီးနစ်မြုပ်စဥ်)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကုန်းကြောင်း၊ရေကြောင်း စစ်​ကြောင်း နှစ်​ကြောင်းထိုးလာမှုကို ဒေသတွင်း ညီနောင် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ခုခံတိုက်ခိုက်နေသည့် အဖွဲ့များကပြောသည်။

ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်နေ့) နံနက် ၆နာရီခန့်အချိန်မှ စပြီး အကြမ်းဖက်စစ်ကောင်စီရေယာဉ်အုပ်စုသည် ကနီမြို့မှ စတင်ထွက်ခွာလာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များသည်လည်း ချင်းတွင်းမြစ်ဘေးတစ်လျှောက်ရွာများကိုကုန်းကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထွက်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ကုန်းကြောင်း၊ ရေကြောင်း စစ်ကြောင်းနှစ်ခု အပြိုင်ထွက်လာသည့် အချိန်မှစ၍ ကနီမြိုနယ်အတွင်းရှိ ဒေသတွင်း ညီနောင် မဟာမိတ်များ အဖွဲများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြကြောင်း အဖွဲ့များက သတင်းထုတ်ပြန်သည်။

တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့်အတွက် အထိအခိုက်အကျအဆုံးစာရင်းများကို အသေးစိတ် မသိရသေးဘဲ နောက်ဆက်တွဲအခြေအနေများကို ထပ်မံထုတ်ပြန်ကြေညာပေးမည်ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)က အသိပေးသည်။

ညီနောင်မဟာမိတ်အဖွဲ့များတွင် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)၊ ကနီမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ – ကျောက်လုံးကြီး (KLG PDF)၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CHUPDF)၊ Golden Triangle Force, DRPA, M&K The Boys, Daung Ni PDF စသည့်အဖွဲ့များပါဝင်သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၁၂နှင့် ၁၄ ရက်နေ့ကလည်း ကနီမြို့နယ် ချင်းတွင်း​မြစ်အတွင်း အကြမ်းဖက်စစ်ကောင်စီရေယာဥ်များအား ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များကရေမြုပ်မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။ ​ရေမြုပ်မိုင်းခွဲတိုက်ခိုက်ပြီး နစ်မြုပ်​စပြု​နေ​သောသ​ဘော်​​​ပေါ် စစ်​ကောင်စီတပ်များကို​ထပ်မံ တိုက်ခိုက်၍ ဆယ်ဦးခန့်​သေဆုံးခဲ့​သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။