Connect with us

Hi, what are you looking for?

News

နယ်ကျွံလာသည့် စစ်ကောင်စီကို မောင်းထုတ်ရေး အလုပ်နှင့်သက်သေပြမည်ဟု CDF-မင်းတပ် သတိပေး

ယနေ့ နေ့လယ်ကစတင်ခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဘုရားစခန်းကျေးရွားနှင့် အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အရေးပေါ်တိမ်းရှောင်နေရသည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း တစ်ကျော့ပြန် ခြေချလာစဥ် ယခင်ကထက် စွမ်းဆောင်ရည်ကောင်း​သော တိုက်ခိုက်ရေးပုံစံဖြင့် တုန့်ပြန်မည်ဟု CDF-MINDAT က သတိပေးလိုက်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့သည့် မင်းတပ်မြို့ ဘုရားစခန်းရွာအနီးသို့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၈ဝခန့်ဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် စစ်ကြောင်းထိုးလာခဲ့သည်။ ထို့ကြောင့် နေ့လယ်ပိုင်းတွင် မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF-MINDAT)နှင့် တစ်ကျော့ပြန်တိုက်ပွဲ ​ဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီနှင့်CDF-MINDATသည် ဇွန်လ ၄ရက်မှ ဇွန်လ ၆ ရက်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းအချိန်တွင် နှစ်ဘက်စလုံး အထိနာခဲ့ကြောင်း၊ ယခုအခါ CDF-MINDAT သည် အစစအရာရာ ပိုကောင်းအောင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း CDF-MINDAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

‌”သေချာတာကတော့ လက်ရှိ CDF-MINDAT သည် လွန်ခဲ့တဲ့ ၇ လပိုင်း ဝန်းကျင်က CDF-MINDAT မဟုတ်တော့ဘူး။ အင်အား၊ တိုက်ပွဲ၊ နည်းပညာ၊ ဗျူဟာ၊ အတွေ့အကြုံ၊ ပစ်အား အကုန်လုံး ကွာသွားပြီ။ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ကြတာပေါ့။ CDF-Mindat ကတော့ အလုပ်နဲ့သက်သေပြတယ်” ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ နေ့လယ်ကစတင်ခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဘုရားစခန်းကျေးရွားနှင့် အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အရေးပေါ်တိမ်းရှောင်နေရသည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယခုအခါ အကြမ်းဖက်စစ်​ကောင်စီတပ်များမှာ စစ်ကိုင်း၊ချင်း၊ ကရင်၊ကယား၊မ​ကွေး၊ရှမ်းစ​သော​ဒေသအများစုတွင် စစ်​ကြောင်းထိုးလာသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ခုခံ​တော်လှန်စစ်ဆင်နွှဲ​နေရာ ​စစ်​ကောင်စီတပ်အထိ့နာလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။