Connect with us

Hi, what are you looking for?

News

မုံရွာတွင်စစ်​ကောင်စီတပ်ကို သက်ညှာ​တော့မည်မဟုတ်၍ ပြည်သူများမလိုအပ်လျှင်အပြင်မထွက်ရန်သတိ​ပေး

မုံရွာမြို့တွင် နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စနှင့် အရေးကြီးကိစ္စများမှလွဲ၍ မုံရွာမြို့အတွင်း လမ်းပေါ် သွားလာကူးသန်းမှုများ မပြုလုပ်ကြပါရန် မုံရွာပြည်သူလူထုအား မေတ္တာရပ်ခံတောင်းဆိုကြောင်းမုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လာမည့် ဒီဇင်ဘာလကုန်မှစ၍ အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါများအား သက်ညှာတော့မည်မဟုတ်သောကြောင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ရန် မုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

မုံရွာမြို့တွင် နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စနှင့် အရေးကြီးကိစ္စများမှလွဲ၍ မုံရွာမြို့အတွင်း လမ်းပေါ် သွားလာကူးသန်းမှုများ မပြုလုပ်ကြပါရန် မုံရွာပြည်သူလူထုအား မေတ္တာရပ်ခံတောင်းဆိုကြောင်းမုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

လာမည့် ဒီဇင်ဘာလကုန်မှစတင်ပြီး မုံရွာမြို့ပေါ်ရှိစစ်သား၊ ရဲသားများ၊ အကြမ်းဖက်သမားများတပ်စွဲထားသောနေရာများ၊ အကြမ်းဖက်သမားများနားနေသောနေရာများ၊ ၎င်းတို့ကိုထောက်ပံ့ပေးနေသောပုဂ္ဂိုလ်များနှင့်ရုံးများအား လုံးဝသက်ညှာခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ မိမိတို့အားကူညီချင်လျှင် ထုတ်ပြန်ချက်များလိုက်နာပေးရန် အနူးအညွတ်တောင်းဆိုကြောင်း မုံရွာဒေသ အထူးကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း မုံရွာကညနရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူများရှိနေ၍ လျှော့ပေါ့ပြုလုပ်ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးစီးဆင်းစေမည့်အခွန်ဆောင်မှုများ မပြုလုပ်ရန်နှင့် အခွန်ကောက်နေသည့်မည်သည့်ရုံးကိုမဆို တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီတပ်စွဲထားသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားလာခြင်းမပြုရန် Monywa Young People Group က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook