Connect with us

Hi, what are you looking for?

News

ဘီးလင်းနယ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ပြန်လာသော အောင်ပွဲရတပ်ဖွဲ့များကို ဒေသခံများပန်းကုံးဖြင့် ကြိုဆို

ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်စခန်းအား ဒီဇင်ဘာ ၁၇ ရက် နံနက် ၆နာရီတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည၉နာရီခွဲတွင် တပ်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောင်ပွဲဖြင့်ပြန်လာသောတပ်ဖွဲ့များကို ဒေသခံပြည်သူများက ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြသည်။

ဓာတ်ပုံ – KIC

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေရှိ အဆိုပါတပ်စခန်းကို ဒီဇင်ဘာ ၁၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်စခန်းအား ဒီဇင်ဘာ ၁၇ ရက် နံနက် ၆နာရီတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည၉နာရီခွဲတွင် တပ်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

KNUဗဟို၏ ထုတ်ပြန်ချက်တွင် ယခုစခန်းသိမ်းတိုက်ပွဲတွင် BGFဖက်မှ စခန်းမှူးအပါအဝင် လေးဦးထိခိုက် ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးသည့်အနေဖြင့် ကတိုင်ဒိ BGFစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း၊ BGF စခန်းအားသိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များကို မီးရှို့ရှင်းလင်းခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။