Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးက ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရ

ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးဟာ သေနတ်ပစ်ဖောက်ပြီး ဆိုင်ထဲက ရွှေတွေကိုယူသွားတယ်လို့ကနဦးသိရပေမယ့် ရွှေထည်ပမာဏနဲ့တန်ဖိုးကိုတော့ စုံစမ်းနေဆဲပါ။

ဒီနေ့ညနေပိုင်း ၅ နာရီလောက်က မန္တလေမြို့ ၊ချမ်းအေးသာစံမြို့နယ် လမ်း. ၈၀ ၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားက ဝိန့်လီ ရွှေဆိုင် ဓားပြတိုက်ခံလိုက်ရတယ်လို့သိရပါတယ်။

ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးဟာ သေနတ်ပစ်ဖောက်ပြီး ဆိုင်ထဲက ရွှေတွေကိုယူသွားတယ်လို့ကနဦးသိရပေမယ့် ရွှေထည်ပမာဏနဲ့တန်ဖိုးကိုတော့ စုံစမ်းနေဆဲပါ။

ဒီဇင်ဘာလ ၁၈ရက် ညနေ၅နာရီလောက်က ဝိန့်လီရွှေဆိုင်ကို ဆိုင်ကယ်၂စီးနဲ့လူလေးယောက်ရောက်ရှ်လာပြီး သေနတ်ပစ်ဖောက်ကာ ဆိုင်ထဲရှိရွှေများကိုယူဆောင်သွားတာဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးအိမ်ရာဝင်းအတွင်းက ငွေထုတ်၊ငွေအပ်ပြုလုပ်တဲ့ ကုမ္ပဏီရုံးခန်းဓားပြတိုက်ခံခဲ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့လပိုင်းတုန်းကလည်း ပြည်ကြီးတံခွန်မြို့နယ် (စ)ဈေးက ရွှေဆိုင်တစ်ဆိုင်လည်းဓားပြတိုက်ခံရပါတယ်။

မန္တလေးမှာ မကြာခဏဆိုသလို နေအိမ်တွေမှာ အနုကြမ်းစီးလုယက်တာ၊ ဓားပြတိုက်တာတွေဖြစ်ပွားလျက်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။