မုံရွာမြို့၌ ယနေ့ (ဒီဇင်ဘာ၁၉)နံနက်က မီးလောင်မှုဖြစ်ခဲ့ရာ လေဖြတ်ထားသည့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
ယနေ့နံနက် ၄နာရီအချိန်ခန့်က မုံရွာမြို့ ကွေ့ကြီးရပ်ရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှူဖြစ်ခဲ့ခြင်းဖြစ်ပြီး လေဖြတ်ဝေဒနာကြောင့် လမ်းမလျှောက်နိုင်သည့် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အိမ်အနောက်ဖက်မှာ ဇောင်းချထားတဲ့ တဲထဲကတွေ့တာ ။မီးလောင်တဲ့ အိမ်ကပဲ။ လေဖြတ်နေတာ။ အရင်က တော့ တောင်ဝှေးနဲ့ လမ်းလျှောက်နိုင်တယ်။ အခုမလျှောက်နိုင်တာ ၁၅ ရက်လောက်ရှိပြီတဲ့”ဟု မီးလောင်သေဆုံးသွားသူ နှင့်ပတ်သက်၍ ပြောသည်။
မီးလောင်သေဆုံးသူကို မုံရွာဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

Public Service Announcement





















































