Connect with us

Hi, what are you looking for?

News

အရာတော်တွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသော ရွာသားရှစ်ဦးကို ဒေသခံကာကွယ်ရေးတပ်ပေါင်းစု ကယ်တင်

ရွာသားများဖမ်းဆီးခံရသည့်အတွက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ငွေတွင်းရွာသို့ စစ်တပ် ထွက်ခွာချိန်၌ ဝင်ရောက်စီးနင်းခဲ့ပြီး ပျူစောထီးဒလန် အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်တစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့သည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မင်းရွာကြီးအနီး ကောက်လှိုင်းစည်းများတင်ဆောင်နေသည့် ရွာသားရှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားရာ ယနေ့(ဒီဇင်ဘာလ ၁၉ရက်) ညနေပိုင်း၌ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ဒီဇင်ဘာ၁၈ရက် နံနက် ၈နာရီခန့်က မင်းရွာအနီး ဖောကားတစ်စီးပေါ်သို့ ‌ကောက်လှိုင်းစည်းများ တင်ဆောင်နေသော ရွာသားရှစ်ဦးကို ငွေတွင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူတို့(အကြမ်းဖက်စစ်တပ်)က ပါးရိုက်တယ်၊ ဖိနပ်နဲ့ကန်တယ်၊ အဲ့နားက စီးပွားဖြစ် စိုက်ထားတဲ့ ဒန့်သလွန် ခင်းရှိတယ်ဗျ၊ တစ်ယောက်ကို ၁၅ပင်ခုတ်ခိုင်းတယ်၊ အခင်းပိုင်ရှင်က စခစစ်ကြောင်းထိုးလာတယ် သတင်းပေး လို့ဆိုတဲ့စွပ်စွဲချက်နဲ့ ဖျက်ဆီးခိုင်းတယ်၊ လက်ပြန်ကြိုးတုပ်ပြီး ကန်နီတောဘက်ကို ခြေလျင်လျှောက်ခိုင်းပြီး ဖမ်းသွားတာပါ”ဟု ဖမ်းဆီးခံရသူ တစ်ဦးက ပြောသည်။

ရွာသားများဖမ်းဆီးခံရသည့်အတွက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ငွေတွင်းရွာသို့ စစ်တပ် ထွက်ခွာချိန်၌ ဝင်ရောက်စီးနင်းခဲ့ပြီး ပျူစောထီးဒလန် အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်တစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ငွေတွင်းရွာ၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်စုတို့ နာရီဝက်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကာ ပြည်သူ့ရဲဘော် နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်၏ အသေအပျောက်ကို မသိရပေ။

ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖမ်း‌ဆီးခဲ့သူများတွင် ပျူစောထီးခေါင်းဆောင်၏ ညီဖြစ်သူ ပါသောကြောင့် နှစ်ဘက်ဖမ်းဆီးထားသူများလဲလှယ်ရန် ကြိုးစားခဲ့ကြပြီး ဒီဇင်ဘာ ၁၉ရက် နံနက်ပိုင်းတွင် ညှိနှိုင်းမှု အဆင်ပြေ၍ လဲလှယ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့ဖမ်းဆီးခဲ့သည့် ရွာသားရှစ်ဦးကိုလည်း ယနေ့ ညနေ ၅နာရီခွဲတွင် ၎င်းတို့ဇာတိသို့ ပြန်လည် ပို့ဆောင်နိုင်ခဲ့ပြီဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook