Connect with us

Hi, what are you looking for?

News

ခရမ်း-သုံးခွလမ်းပိုင်း လက်ပံကျိုးရွာအနီး စစ်ကောင်စီကားနှစ်စီး မိုင်ဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၁၆ ရက် ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်ခဲ့ပြီးနောက် သုံးခွဘက်မှနေ၍ ခရမ်းမြို့သို့ စစ်ကူများပို့လျှက်ရှိသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း ခရမ်း-သုံးခွလမ်းပိုင်း လက်ပံကျိုးကျေးရွာအနီးတွင် ယနေ့(ဒီဇင်ဘာ ၂၀)နံနက်ပိုင်းက စစ်ကောင်စီတပ် ၏ ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက် ၉ နာရီခန့်က ရိက္ခာတင်စစ်ကားနှစ်စီးကို သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာ ဖက်ကလီရိုးတံတားအနီး တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုအခြေအနေအား မသိရသေးပေ။

“သေချာတော့ မသိရသေးဘူး။ အွန်လိုင်းပေါ်ပြန့်နေတဲ့အတိုင်း စစ်ကားနှစ်စီး လက်ပံကျိုးနား တိုက်ခိုက်ခံရတယ်လို့ပဲ သိရသေးတယ်။ မြို့ပေါ်မှာတော့ ပုံမှန်အခြေအနေပါပဲ”ဟု သုံးခွမြို့ခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်ခဲ့ပြီးနောက် သုံးခွဘက်မှနေ၍ ခရမ်းမြို့သို့ စစ်ကူများပို့လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် သုံးခွမြို့နှင့် (၈)မိုင်ခန့်သာဝေးသည့် ခရမ်းမြို့အဝင်အား စစ်ကောင်စီဘက်မှ လုံခြုံရေးတင်းကြပ်ထားပြီး ကားနှင့်ဆိုင်ကယ်များအပါအဝင် ခရီးသွားဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

ယနေ့နံနက်က စစ်ကောင်စီတပ်၏ ရိက္ခာတင်ကားနှစ်စီး မိုင်ဆွဲတိုက်ခိုက်ခံရသည့်နေရာသည် ခရမ်း-သုံးခွ-သန်လျင်လမ်း မိုင်တိုင် ၄၄/၇ အနီး တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook