Connect with us

Hi, what are you looking for?

News

တရား​ရေးဝန်ထမ်း ၃ ၂ ဦးကို ပြည်သူ့သစ္စာ​ဖောက်အဖြစ်အမည်ပျက်စာရင်းသွင်း

“အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် အမိန့်များချမှတ်နေသည့် တရားသူကြီးများအား တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တစ်ပါ တည်း သတိပေးလိုက်သည်”ဟု ကြေငြာချက်တွင်ပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ အကျင့်ပျက်တရားရေးဝန်ထမ်း ၃၂ ဦးကိုဝန်ထမ်းအဖြစ်မှ ထုတ်ပစ် လိုက်ပြီး ပြည်သူ့သစ္စာဖောက်ဝန်ထမ်းများအဖြစ် အမည်ပျက်စာရင်း ထုတ်ပြန်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနကကြေငြာသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်အပါအဝင် ၁၈ဦးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားလွှတ်တော်မှ ညွှန်ကြားရေးမှူး ၁၄ဦးကို သစ္စာဖောက်ဝန်ထမ်းများအဖြစ် အမည်ပျက်စာရင်းကြေငြာကြောင်း ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။အထက်ပါ တရားရေးဝန်ထမ်း ၃၂ဦးသည် မတရားဖမ်းဆီးခံထားရသည့် ပြည်သူများ၏အမှုများအပေါ် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် အဓိကတာဝန်အရှိဆုံးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် အမိန့်များချမှတ်နေသည့် တရားသူကြီးများအား တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တစ်ပါ တည်း သတိပေးလိုက်သည်”ဟု ကြေငြာချက်တွင်ပါရှိသည်။

စစ်ကောင်စီ၏ လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းသည် တရားသူကြီးများထားရှိရမည့် ကျင့်ဝတ်သိက္ခာများအား ဖောက်ဖျက်ကျူးလွန်သည့် အကျင့်ပျက်တရားသူကြီးများအဖြစ် သမိုင်းမှတ်တမ်းတင် ကျန်ရစ်နေမည်ဟုလည်း Non CDM တရားရေး ဝန်ထမ်းများအား သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်တရားသူကြီးများအနေဖြင့် ပြည်သူ့ဘက်မှရပ်တည်၍အာဏာဖီဆန်‌ရေးလှုပ်ရှားမှု (CDM) အား အချိန်မီ လုပ်ဆောင်နိုင်ရန်လည်း တရားရေးဝန်ကြီးဌာန
က ယခုအချိန်ထိ ဆက်လက်ဖိတ်ခေါ်ကမ်းလှမ်းလျှက်ရှိကြောင်း အသိပေးထားသည်။

NUG၏တရားရေးဝန်ကြီးဌာနက CDMတရားရေး ဝန်ထမ်းများကို စုစည်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်းကို ဖွဲ့စည်းထားသည်။မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်းက တရားရေးဌာနCDMဝန်ထမ်းများအားထောက်ပံ့ရေးနှင့် တရားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။