Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ထမ်းအင်အား ထက်ဝက် လျှော့ချမယ့် အမေရိကန် ပညာရေး ဝန်ကြီးဌာန

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက ဖက်ဒရယ် အစိုးရရဲ့ ဝန်ထမ်းအင်အားကို သိသိသာသာ လျှော့ချပြီး ပြင်ဆင် ဖွဲ့စည်းဖို့ ကြိုးစားနေရာမှာ ပညာရေး ဝန်ကြီးဌာနလည်း အကျုံးဝင်လာပါတယ်။ အကျိုးဆက်အဖြစ် ပညာရေး ဝန်ကြီးဌာနရဲ့ ဝန်ထမ်း ၂၁၀၀ လောက်ဟာ မတ်လ ၂၁ ရက်နေ့ကစလို့ အလုပ်ရပ်နားထားဖို့ ခွင့်ပေး ခံရမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲမှာ ပညာရေး ဝန်ကြီးဌာန လုံးဝ ထားရှိစရာ မလိုဘူးလို့တောင် ယူဆထားသူ ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက်ဟာ တချို့ ကွန်ဆာဗေးတစ်တွေ အထူးတလည် ဆန္ဒရှိတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စမျိုးကို အထမြောက်စေဖို့ ဆိုတာဟာ အမေရိကန် လွှတ်တော်ရဲ့ ထောက်ခံ ဆုံးဖြတ်မှုကိုတော့ လိုအပ်ပါတယ်။

အမေရိကန် ပညာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်း ၄၀၀၀ ကျော် ခန့်အပ်ထားပြီး နှစ်စဉ် အသုံးစရိတ် ဒေါ်လာ ၂၃၈ ဘီလီယံလောက်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

၁၉၇၉ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ပညာရေး ဝန်ကြီးဌာနဟာ အများပိုင် ကျောင်းတွေကို ရန်ပုံငွေ ထောက်ပံ့တာ၊ ကျောင်းသားတွေအတွက် ချေးငွေ စီမံခန့်ခွဲပေးတာ၊ ဝင်ငွေ နည်းပါးတဲ့ ကျောင်းသားတွေအတွက် အထူးအစီအမံတွေ ပြင်ဆင် ရေးဆွဲတာတွေကို အဓိက တာဝန်ယူနေပါတယ်။

ဝန်ကြီးဌာနရဲ့ မစ်ရှင်တစ်ခု အနေနဲ့ ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်း နီးပါးလောက် လျှော့ချမယ့် အစီအမံကို မတ်လ ၁၁ ရက်နေ့မှာ စတင်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီး လင်ဒါ မက်မာဟွန်က ကြေညာခဲ့ပါတယ်။

သူက အဲဒီ ဆုံးဖြတ်ချက်ဟာ ဝန်ကြီးဌာန လက်အောက်ခံ ဌာနခွဲ အားလုံးကို သက်ရောက်မှု ရှိစေမှာဖြစ်ပြီး ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာတွေနဲ့ အခွန်ထမ်း ပြည်သူတွေ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေမျိုး ဖန်တီးပေးနိုင်အောင် ရည်ရွယ်ထားတာဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

စာရင်းတွေအရ သမ္မတအဖြစ် ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုချိန်က ပညာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်း ၄၁၃၃ ဦး ရှိခဲ့ပြီး အမေရိကန် အစိုးရ ဝန်ကြီးဌာန အားလုံးမှာ ဝန်ထမ်းအင်အား အနည်းဆုံး ဖြစ်ပါတယ်။ အဲဒီ အရေအတွက်ကို ၂၁၈၃ ဦးသာ ကျန်တဲ့ထိ လျှော့ချဖို့ မက်မာဟွန်က ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ DCI Groupရဲ့ လုပ်ရပ် ကို ရှုတ်ချကြောင်း နဲ့ အမေရိကန်အပါအဝင်ပြည်ပနိုင်ငံများအနေနဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar - JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ် ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် တိုက်လေယာဉ် တစ်စီးက ပစ်ခတ် တားဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက စစ်ရပ်စဲရေး ငြိမ်းချမ်းရေး အဆိုပြုချက်ကို စဉ်းစားနေကြောင်း အီရန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အီရန်က လေ့ကျင့်ပေးထားတဲ့ အသေခံဗုံးခွဲ လင်းပိုင်တွေ အသုံးပြုပြီး အမေရိကန်ကို တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။