Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တ​လေးလမ်းတွင်စစ်​ကောင်စီယာဥ်မိုင်းခွဲတိုက်ခိုက်ခံရ

မြင်းဖြူရှင်ပြောက်ကြားတပ်ဖွဲ့ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိုင်းထိမှန်ပျက်စီးခဲ့သည့် စစ်ကောင်စီ‌၏ ၁၂ဘီးကား ၁စီးသည် ယနေ့နံနက်အထိ ရွာသာကြီးအနီးတွင် ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စကစယာဥ်တစ်စီး ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ည ၉:၅၅ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ‌စစ်ကိုင်း – ရွှေဘိုလမ်းမကြီးပေါ် ရွာသာကြီး အနီးတွင် စစ်ကိုင်းမှ ရွှေဘိုသို့ဦးတည်လာသည် စစ်ကောင်စီ၏ ၄ စီးပါ ထောက်ပို့ ယာဉ်တန်းသည် ရှေ့ထွက်မိုင်း ၄လုံးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကအသိပေးသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မြင်းဖြူရှင်ပြောက်ကြားအဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ ရှေ့ထွက်မိုင်း ၄လုံးနဲ့ဖောက်ခွဲတိုက်ခိုက်လိုက်တာ။ ၃စီးမြောက် ၁၂ဘီး ကားကိုထိတယ်။ ကားသမားဆက်မမောင်းနိုင်တော့ဘူး။ နောက်ကပါလာတဲ့ကားကနေ လူစားထိုးပြီးမောင်းတယ်။ သိပ်မကြာပါဘူး ထိုးရပ်သွားတယ်” ဟု စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မြင်းဖြူရှင်ပြောက်ကြားတပ်ဖွဲ့ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိုင်းထိမှန်ပျက်စီးခဲ့သည့် စစ်ကောင်စီ‌၏ ၁၂ဘီးကား ၁စီးသည် ယနေ့နံနက်အထိ ရွာသာကြီးအနီးတွင် ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook