Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲ-ဂန့်ဂေါလမ်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား သုံးဦးသေ

ထို့ကြောင့် စစ်ကောင်စီ၏ စစ်ကြောင်းများကျေးရွာအနီးရောက်ရှိပါက ရွာအတွင်းမနေထိုင်ရန်နှင့် လိုအပ်သည့် စားနပ်ရိက္ခာများနှင့် အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်လည်း မြို့နယ် ပ.အ.ဖ က အသိပေးသည်။

People's Spring
People's Spring

–ပြည်သူများအား ရက်စက်စွာသတ်ဖြတ်သည့် စစ်ကောင်စီအပေါ် ခွင့်မလွှတ်နိုင်မှုနှင့် မုန်းတီးစိတ် အတိုင်းအဆမရှိတော့ဟု ဂန့်ဂေါ PDF ထုတ်ပြန်

ပုလဲ-ဂန့်ဂေါကားလမ်း လမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးလာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ၂၁ရက်)တွင် ပုလဲ-ဂန့်ဂေါလမ်း ဘုရားသုံးဆူ အနီး ၌ PDF ဂန့်ဂေါ၏ တပ်ခွဲ(၂၇) ပုံတောင်ပုံညာအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့်အတူသုံးဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိစေခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာလ ၁၉ ရက်ကလည်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကိုအကြမ်းဖက်စီးနင်းခဲ့သော စစ်ကောင်စီ တပ်သားများကို တောင်ခင်ရန်းရဲစခန်းမှတစ်ဆင့် မြင်သားရွာသို့ စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးခန့် သေဆုံးနိုင်သည်ဟု ဂန့်ဂေါ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်သားများကို ထောက်ပံ့သည်ဟုဆိုကာ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၂၂ ခုကို ဒီဇင်ဘာ ၂၀ ရက်က စတင်ကာအကြမ်း ဖက်စစ်ကောင်စီက စစ်ဆင်ရေးပြုလုပ်ရန် ဆောင်ရွက်နေကြောင်းလည်း ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏ စစ်ကြောင်းများကျေးရွာအနီးရောက်ရှိပါက ရွာအတွင်းမနေထိုင်ရန်နှင့် လိုအပ်သည့် စားနပ်ရိက္ခာများနှင့် အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်လည်း မြို့နယ် ပ.အ.ဖ က အသိပေးသည်။

ဒီဇင်ဘာ ၁၇ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် အပါအဝင် ရဟတ်ယာဉ် ၆စီး အသုံးပြုပြီး ဝေဟင်၊ မြေပြင် ထိုးစစ်ဆင် အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့၍ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် တောင်သူနှင့် ခရီးသည်များ အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ဦး စစ်ကောင်စီ၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဂန့်ဂေါ PDFက ထုတ်ပြန်သည်။

ထို့အပြင် နှမ်းခါးရွာ၌ ဒေသတွင်း တော်လှန်ရေးအင်အားစု ခေါင်းဆောင်များနှင့် အခြား ရပ်ရွာလူထု ခေါင်း ဆောင်များ စုဝေးကာ ဂန့်ဂေါမြို့နယ် ဒေသအတွင်း ပိုမိုဆိုးဝါးလာနေသည့် မူးယစ်ဆေးဝါး ပြဿနာနှင့် သစ်မှောင်ခို ခိုးထုတ်နေသည့် ပြဿနာများကို အတူတကွပူး ပေါင်းဖြေရှင်းကြရန် အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကော်စီတပ်၏ တိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ဂန့်ဂေါ PDFအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်မှုကြောင့် အကြောင်းမဲ့ သေဆုံးခဲ့ကြရသော အပြစ်မဲ့ ပြည်သူ ၉ဦး၏မိသားစုများနှင့်အတူ အထူးကြေကွဲ ဝမ်းနည်းရကြောင်း၊ ပြည်သူကို လူမဆန်စွာ ရက်ရက် စက်စက်သတ်ဖြတ်သည့် စစ်ကောင်စီအပေါ် ခွင့်မလွှတ်နိုင်မှုနှင့် မုန်းတီးစိတ် များ အတိုင်းအဆ မရှိနိုင်တော့ကြောင်း ဂန့်ဂေါ PDFက ဆိုသည်။

အဆုံးအစွန်သော စိတ်ဓာတ် ၊ ဇွဲ၊ လုံ့လတို့ဖြင့် အကြမ်းဖက် စစ်ကောင်စီအမျိုးပြုတ်သည်အထိ အမြစ်ဖြတ်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း အမှန်တရားနှင့် ပြည်သူလူထုကို ဦးထိပ်ထားပြီး အသိပေးအပ်သည်ဟု ဂန့်ဂေါ PDFက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် နှမ်းခါးအပါအဝင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စက်တင်ဘာလမှစ၍ ဝင်ရောက်စီးနင်းရာ နှမ်းခါးရွာကို အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။