Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းထားစဥ် ရန်ကုန်စ​တော့အိတ်ချိန်ဝင်ကုမ္ပဏီအများစု အမြတ်​ငွေခွဲမ​ပေးနိုင်

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီ ခုနှစ်ခုရှိပြီး ၎င်းတို့အနက် ကုမ္ပဏီ ၃ ခုက ၂၀၂၀-၂၁ဘဏ္ဍာနှစ်အတွက် အနှစ်ချုပ်အစီရင်ခံစာများထုတ်ပြန်ရာတွင် ဘဏ်လုပ်ငန်းကုမ္ပဏီနှစ်ခုက ရှယ်ယာရှင်များကို အမြတ်ငွေခွဲမပေးနိုင်ကြောင်းကြေငြာခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်းဝင်ကုမ္ပဏီအများစု ရှယ်ယာရှင်များကို အမြတ်ငွေခွဲ
မပေးနိုင်တော့ကြောင်း အဆိုပါကုမ္ပဏီများ၏ ထုတ်ပြန်သောကြေညာချက်များတွင် ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီ ခုနှစ်ခုရှိပြီး ၎င်းတို့အနက် ကုမ္ပဏီ ၃ ခုက ၂၀၂၀-၂၁ဘဏ္ဍာနှစ်အတွက် အနှစ်ချုပ်အစီရင်ခံစာများထုတ်ပြန်ရာတွင် ဘဏ်လုပ်ငန်းကုမ္ပဏီနှစ်ခုက ရှယ်ယာရှင်များကို အမြတ်ငွေခွဲမပေးနိုင်ကြောင်းကြေငြာခဲ့ခြင်းဖြစ်သည်။

ဘဏ်ကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံသားများဘဏ် ( Myanmar Citizen Bank-MCB) နှင့် ပထမပုဂ္ဂလိက ဘဏ်( First Private Bank-FPB)တို့က အစုရှယ်ယာများကို အမြတ်ခွဲဝေမပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများဘဏ်-MCBက ရလမ်းမရှိသော ၊ ရရန် မသေချာသော ချေးငွေ (Non Performing Loan)များသည် ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထက်ရှိနေသောကြောင့် အမြတ်ခွဲဝေမပေးနိုင်ခြင်းဖြစ်သည်ဟု ရှင်းလင်းထားသည်။

ပထမပုဂ္ဂလိကဘဏ်-FPBဘဏ်ကလည်း ရရန်မသေချာသောချေးငွေများသည် ၂၀၂၀ စက်တင်ဘာတွင် ၈ ရာခိုင်နှုန်းကျော်သာရှိခဲ့ရာမှ ၂၀၂၁ စက်တင်ဘာတွင် ၁၇ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းကြောင့် အမြတ်ငွေ ထုတ်မပေးနိုင်ခြင်းဖြစ်သည်ဟု ရှယ်ယာရှင်များကို ရှင်းလင်းထားသည်။

Public Service Announcement

Public Service Announcement

သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာဘက်မှ ရှယ်ယာပါဝင်ထားသည့် မြန်မာသီလဝါSEZကုမ္ပဏီက ရှယ်ယာတစုကို ကျပ် ၁၀၀ ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းကုမ္ပဏီသည် ကိုဗစ်ဖြစ်ပွားခဲ့သည့် ၂၀၂၀ခုနှစ်တွင်ပင်ရှယ်ယာတစ်စုလျှင် ၁၈၀ကျပ်ထုတ်ပေးခဲ့သည်။ အကြမ်းဖက်စစ်​ကောင်စီအာဏာသိမ်းထား​​သောနှစ်တွင် အစုရှယ်ယာအမြတ်ငွေ ၄၅ ရာခိုင်နှုန်းခန့်လျော့ကျသွားခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းမူကြောင့် နိုင်ငံ့စီးပွား​ရေးလုပ်ငန်းများအားလုံး ကဆင်းပြီး ရန်ကုန်စတော့အိတ်ချိန်းတွင်ရှယ်ယာအရောင်းအဝယ်ပမာဏာကျဆင်းသွားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀နိုဝင်ဘာလတွင် ကုမ္ပဏီ ၆ ခုက အစုရှယ်ယာပေါင်း ကျပ် သန်း ၅၅၀ကျော်ဖိုးရောင်း ဝယ်ခဲ့ရသော် လည်း စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၁ နိုဝင်ဘာတွင် ကုမ္ပဏီ ၇ခုက အစုရှယ်ယာ ကျပ်သန်း ၂၀၀ကျော်ဖိုးသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းမူကြောင့် နိုင်ငံအတွင်း စီးပွားရေးကျဆင်းပြီး ၂၀၂၁တွင် စီးပွားရေးကျဆင်းမှုသည် ၁၈ ဒဿမ ၄ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။