Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖားကန့်​မြေစာပုံပြိုကျမှု ရုပ်အ​လောင်းတစ်လောင်းရှာ​တွေ့၊ လူ ၃၀ခန့်​ပျောက်ဆုံး​နေဆဲ

“စပြိုပြိုချင်း လူ ၈၀ လောက်ပါသွားတာလို့ သိရတယ်။ နောက် လူပြန်စစ်တော့ ၅၀လောက်က ရေကူးပြီး ပြန်တက်လာနိုင်ကြတဲ့ သတင်းရတယ်။ ၃၀လောက်တော့ ပျောက်နေသေးတယ်။ ရှာတာလည်း တစ်လောင်းပဲ ရသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်အစောပိုင်းက ဖားကန့်မြေစာပုံပြိုကျမှုတွင် ရေလှိုင်းနှင့်အတူ လူ၈၀ထက်မနည်း ပါသွားသော်လည်း ၅ဝဦးခန့်မှာ ဘေးလွတ်ရာပြေးနိုင်ခဲ့ပြီး ၃၀ခန့်ပျောက်ဆုံးနေဆဲဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် မှော်ဆီဆာကျေးရွာအနီးရှိ ရေကန်အတွင်း စွန့်ပစ်မြေစာပုံသည် ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်က ပြိုကျခဲ့ခြင်းဖြစ်သည်။

“စပြိုပြိုချင်း လူ ၈၀ လောက်ပါသွားတာလို့ သိရတယ်။ နောက် လူပြန်စစ်တော့ ၅၀လောက်က ရေကူးပြီး ပြန်တက်လာနိုင်ကြတဲ့ သတင်းရတယ်။ ၃၀လောက်တော့ ပျောက်နေသေးတယ်။ ရှာတာလည်း တစ်လောင်းပဲ ရသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရုပ်အလောင်းမှာ (၃၀)အရွယ် ကိုမောင်မျိုးဆိုသူဖြစ် သည်ဟု ကယ်ဆယ်ရေးလုပ်နေသည့် အရပ်ဘက်အဖွဲ့က အတည်ပြုသည်။ ထို့အပြင် ကျန်ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

​ဖားကန့်တွင် လေးရက်အတွင်း မြေစာပုံပြိုကျမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်က ပြိုကျမှုတွင်လည်း ရေမဆေးကျောက်ရှာသူ ​ခြောက်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီ၏ အကျိုးစီးပွားပါဝင်နေသည့် ဖားကန့်ကျောက်စိမ်းခိုးတူးသည့် လုပ်ငန်းသည် ယခင်နှစ်များထက် အခြေအနေပိုဆိုးနေသည်ဟု ဒေသခံများကပြောသည်။ ထို့အပြင် စစ်ကောင်စီသည် အရေအတွက်နှစ်သိန်းကျော်ရှိနေသည့် ရေမဆေးကျောက်ရှာဖွေသူများ တော်လှန်ရေးတွင် အာရုံမစိုက်စေရေးအတွက် ကျောက်စိမ်းတူးခွင့်မက်လုံးပေး ထားသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့တစ်နေ့လုံးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ ၅ နာရီဝန်းကျင်ထိ အမျိုးသား ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

သတင်း

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

သတင်း

မြေစာပုံဟာ ဒီနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပြိုကျသွားတာပါ။ အဲဒီဖြစ်စဉ်မှာ ဒဏ်ရာရသူ ၈ ဦး ကို ဖားကန့်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။