Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ မြေစာပုံထပ်ပြို၊ လူ ၇ဦး ထက်မနည်းသေဆုံး

ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ကျောက်ကမ်းပါးပြိုလို့ လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာမှာ ဒီကနေ့မှာလည်း မြေစာပုံထပ်ပြိုလို့ လူ ၇ဦး ထပ်မံသေဆုံးသွားပါတယ်။

(ဖားကန့်ဒေသက မြေစာပုံမှာ ကျောက်ရှာနေကြတဲ့ ရေမဆေးသမားတွေ။ ဓာတ်ပုံ - AP)

ဇူလိုင်-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ပြီးခဲ့တဲ့ တစ်ပတ်ခန့်က ကျောက်ကမ်းပါးပြိုလို့ လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာမှာ ဒီကနေ့မှာလည်း မြေစာပုံထပ်ပြိုလို့ လူ ၇ဦး ထပ်မံသေဆုံးသွားပါတယ်။

နမ့်မှော်ကျေးရွာနဲ့ ကောင်းစံကျေးရွာကြားက ကျောက်စိမ်း လုပ်ကွက်တစ်ခုဟာ ဒီနေ့ ဇူလိုင် ၃ရက် မနက် ၉ နာရီခွဲခန့်မှာ ပြိုကျတာပါ။

” ဒီနေ့လည်း ‌သေဆုံးတာ များတယ်။ ၇ဦးက သေချာပြီ။ ဖားကန့်မြေပြိုတာကကြောက်စရာကြီး။ နောက်ထပ် ပြိုခါနီးတွေ အများကြီး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီ‌ကနေ့ မြေစာပုံပြိုကျတာမှာ ဘက်ဟိုး ၂စီးလည်းပါသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေဆဲဖြစ်ပါတယ်။

နမ့်မှော်ကျေးရွာမှာ ဇွန်လ ၂၇ရက် ညက မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။ကမ်းပါးပြိုလို့ လူ ၁၀ဦး ထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။ ဇွန်လ ၂၂ရက်မှာ ရေပြန်ကျပေမယ့် ယခုတခါ နောက်တစ်ကြိမ်ရေ ဘေးကြုံတွေ့တာဖြစ်ပါတယ်။

ပထမအကြိမ်ရေကြီးစဉ်က ဇွန်လ၁၆ရက် နဲ့ ဇွန်လ၂၁ရက်မှာ တောင်ကျရေနဲ့ မြေပြိုလို့ လူ ၂ဦးသေဆုံးခဲ့ပါတယ်။ ဇွန်လ၂၇ရက်ကဖြစ်စဉ်မှာ စွန့်ပစ်မြေစာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေးရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ရေး တင်းမာနေတဲ့ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကဏ္ဍနဲ့ပတ်သက်လို့ ရှင်းလင်းနဲ့မူဝါဒမရှိသလို လုပ်ငန်းခွင်လုံခြုံရေးတဲ့ ပတ်သက်လို့လည်း စနစ်တကျ ဆောင်ရွက်မှုတွေ ရှိမနေပါဘူး။

လက်ရှိရာသီဥတု အခြေအနေက ဖားကန့်အတွက် အန္တရာယ်ရှိဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်အထက်ပိုင်းဒေသဖြစ်တဲ့ ပူတာအိုမြို့နယ်မှာ ယခုရက်ပိုင်းမိုးကြီးနေပြီး အောက်ပိုင်းဒေသတွေရေ ဘေးသတိပြုကြဖို့ မြို့ခံတွေကသတိပေးနေကြပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဇူလိုင် ၄ရက်ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်လို့ မြန်မာနိုင်ငံမှာမိုးဆက်ကောင်း နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ယခုရက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းနေရာအနှံ့အပြား မိုးရွာနိုင်ပြီး ဇူလိုင်လ ၃ရက်နဲ့ ၅ရရက်မှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

Facebook