Connect with us

Hi, what are you looking for?

News

ပုံညာအဆင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃၀ကျော်အထိ သေနိုင်ဟု YDF-ကျော ခန့်မှန်း

ပြောက်ကျားစစ်နစ်ဖြင့် မိုင်း ၈လုံး၊ လက်လုပ်လောင်ချာ ၄ ချက်ဖြင့် တိုက်ခိုက်ရာ စစ်သားအများအပြား ကားပေါ်မှ လွင့်ထွက်၍ သေဆုံးမှု ၃၀ ကျော်အထိရှိနိုင်ကြောင်း YDF -Kyaw က ခန့်မှန်းသည်။

(ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ‌အား တွေ့ရစဥ်)

မကွေးတိုင်း ကျောမြို့နှင့် ဂန့်ဂေါမြို့ကြားရှိ ပုံညာအဆင်းတွင် အကြမ်းဖတ် စစ်ကောင်စီ၏ ယာဥ်တန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်အထိ သေဆုံးနိုင်ကြောင်း YDF-Kyaw က ယနေ့(ဒီဇင်ဘာ၂၃) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၂ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ၂၄ စီးပါယာဥ်တန်းကို ပုံညာအဆင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြောက်ကျားစစ်နစ်ဖြင့် မိုင်း ၈လုံး၊ လက်လုပ်လောင်ချာ ၄ ချက်ဖြင့် တိုက်ခိုက်ရာ စစ်သားအများအပြား ကားပေါ်မှ လွင့်ထွက်၍ သေဆုံးမှု ၃၀ ကျော်အထိရှိနိုင်ကြောင်း YDF -Kyaw က ခန့်မှန်းသည်။

YDF-Kyaw တပ်ရင်း- ၁၂ မှ တပ်ဖွဲ့ဝင်များအားလုံး ပြောက်ကျားစစ်အောင်မြင်ပြီး တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာ မရှိကြောင်းလည်း အသိပေးထားသည်။တိုက်ပွဲမှတ်တမ်း ရုပ်သံအား အင်တာနက်လိုင်းအဆင်ပြေသည့်အချိန်၌ တင်ပြပေးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဒီဇင်ဘာဒုတိယပတ်ကစ၍ ယောဒေသ(ဂန့်ဂေါ-ဆော-ကျောက်ထု-ကျော-လောင်းရှည်) မြို့နယ်များကို သာလွန်အင်အားများဖြင့် စစ်ကြောင်းထိုးနေသည်။

ဂန့်ဂေါမြို့နယ်တွင်ရှိ ကျေးရွာ အချို့ကို ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခြင်းများအပြင် လူနေအိမ်များ မီးရှို့ခံရ ခြင်းနှင့် အပြစ်မဲ့ ပြည်သူများလည်း သတ်ဖြတ်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။