Connect with us

Hi, what are you looking for?

News

ချောင်းဦး-အမြင့်လမ်းပိုင်းကို ယ​နေ့ကစပြီး ညပိုင်းအချိန်ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိ​ပေး

ယခုတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်သူများ၏ လုံခြုံရေးကို အာမမခံပါကြောင်းနှင့်အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များအဖြစ် သက်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-အမြင့်လမ်းပိုင်းကို ယနေ့ညမှစတင်ပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ည ၈နာရီမှ နံနက် ၄နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုလု​ပ်ပါရန် တားမြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင်
ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များသည် ညဥ့်အချိန်မတော်တွင် ကားအမျိုးမျိုးနှင့် ဆိုင်ကယ်များကိုအသုံးပြု၍ ပြည်သူ လူထု၏ စည်းစိမ်ဥစ္စာများကို လုယက်ခြင်း၊ပြည်သူ လူထုကို အကြမ်းဖက်နှိပ်စက်ခြင်း၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းစသော အကြမ်းဖက်လုပ်ရက်များ ကျူးလွန်လျက်ရှိကြောင်း ရေးသားထားသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ချောင်းဦး-အမြင့်လမ်းပိုင်းကို ဒီဇင်ဘာ ၂၃ ရက်မှစပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုလု​ပ်ပါရန်တားမြစ်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ယခုတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်သူများ၏ လုံခြုံရေးကို အာမမခံပါကြောင်းနှင့်အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များအဖြစ် သက်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook