Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ဘုန်ကြီးအတုအ​ယောင်များအသုံးပြုလာခြင်း၊ သာသနိကအ​ဆောက်အအုံများတွင် တပ်စွဲ​နေထိုင်ခြင်းများကိုတားမြစ်​ပေး​တော်မူရန် မဟနထံသံဃသမဂ္ဂ(မန္တ​လေး)​ လျှောက်ထား

ဘုန်းကြီးအတုယောင်များဖန်တီးကာ သင်္ကန်းများကိုအသုံးချလျက် အကြမ်းဖက်မှုလုပ်ဆောင်နေခြင်းများနှင့် သာသနိကအဆောက်အဦးများအတွင်း တပ်စွဲနေထိုင်ခြင်းများကို တားမြစ်ပေးတော်မူကြပါရန် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသို့ သံဃသမဂ္ဂ (မန္တလေး) အဖွဲ့က လျှောက်ထားခဲ့သည်။

ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) နေ့စွဲဖြင့် သံဃသမဂ္ဂ(မန္တလေး)က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါလျှောက်ထားတင်ပြစာတွင် ဂန့်ဂေါဒေသ၊ ယောဒေသ၊ ကလေးမြို့နယ်၊အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ချက်များအရ ​အကြမ်းဖက်စစ်ကောင်စီတပ်များမှ ဘုန်းကြီးအတုအယောင်များဖန်တီးကာသင်္ကန်းဝတ်များဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကြားသိရကြောင်း၊ အကြမ်းဖက်စစ်တပ်များက အနယ်နယ်အရပ်ရပ်ရှိ သင်္ကန်းဆိုင်များမှ သင်္ကန်းများကို သာသနာရေးဆိုင်ရာကိစ္စ၊ အလှူအတန်းကိစ္စ၊ ရှင်ပြုရဟန်းခံကိစ္စများနှင့် အလျဥ်းပတ်သက်ခြင်းမရှိဘဲ သင်္ကန်းအစုံရာချီဝယ်ယူစုဆောင်းခြင်း၊ တပ်စွဲရာဘုန်းကြီးကျောင်းများမှ သင်္ကန်းများ သိမ်းဆည်းယူဆောင်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း ကြားသိနေရပါကြောင်း ရေးသားထားသည်။

ထို့အပြင် ဘုန်းကြီးအတုအယောင်များဖန်တီးကာ သင်္ကန်းဝတ်များဖြင့် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ စစ်အင်အားဖြန့်ချိခြင်း၊ပြည်သူများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများလုပ်ဆောင်နေကြောင်းလည်း ကြားသိနေရပါကြောင်း၊ အကြမ်းဖက်စစ်တပ်များက ဒေသအသီးသီးရှိ သာသနိကအဆောက်အဦးများဘုန်းကြီးကျောင်းတိုက်များ ၊ဓမ္မာရုံများ၊ စေတီပရိဝုဏ်များ၊ သာသနာ့ဗိမာန်များ သာသနာ့နယ်မြေများအတွင်း တပ်စွဲနေထိုင်စားသောက်လျှက် အကြမ်းဖက်မှုများကျုးလွန်နေကြသည်ကိုလည်း ကြားသိနေရကြောင်း သံဃသမဂ္ဂ(မန္တလေး) က တင်ပြသည်။

သင်္ကန်းဝတ်များဖြင့် အကြမ်းဖက်မှုများလုပ်ဆောင်နေခြင်းသည် သာသနာ့ဂုဏ်ရောင် မှေးမှိန်အောင်လုပ်ဆောင်ရာရောက်သကဲ့သို့ သံဃာထုတစ်ရပ်လုံးကိုလည်း မထီမဲ့မြင်ပြု စော်ကားခြင်းပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဒဘာသာပြည်သူများအတွက်လည်း စိတ်နှလုံးညှိုးနွှမ်းဖွယ်ရာ ဝမ်းနည်းစရာ ဖြစ်ရပါကြောင်း၊ အခြားဘာသာဝင်များအတွက်လည်း မြတ်ဗုဒ္ဓသာသနာ အပေါ် အထင်မှားအမြင်မှား သံသယပွားစရာဖြစ်ရပါကြောင်း၊ နိုင်ငံတကာမှလည်း မြတ်ဗုဒ္ဓသာသနာတော်နှင့် သံဃာထုအပေါ် အထင်သေးအမြင်သေး၍ ကဲ့ရဲ့ ရှုတ်ချဖွယ်ရာများဖြစ်လာနိုင်ကြောင်း လျှောက်ထားသည်။

နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချနေခြင်းများကြောင့် မလိုအပ်သော ဘာသာရေးပဋိပက္ခများလည်းဖြစ်ပေါ်လာနိုင်ကြောင်း၊ မြတ်ဗုဒ္ဓသာသနာတော်ကိုလည်း အကြမ်းမှုကို အားပေးသည့် အစွန်းရောက်လမ်းစဥ်အဖြစ် အထင်လွဲအမြင် လွဲဖြစ်လာနိုင်စရာရှိပါကြောင်း၊ လောကငြိမ်းချမ်းရေးကိုဦးတည်လျက် လောကလူသားအားလုံး၏ ကောင်းကျိုးချမ်းသာကို လမ်းညွှန်ပြသဆုံးမနေသော သာသနာ့လမ်းစဥ်အပေါ်မှာလည်း အထင်သေးအမြင်သေး အယုံအကြည်မဲ့မှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ သို့အတွက် သင်္ကန်းများအသုံးချလျက် ဘုန်းကြီးအတုများဖန်တီးကာ အကြမ်းဖက်မှုများလုပ်ဆောင်နေခြင်းသည် သာသနာအတွင်းကနေ သာသနာတော်ကို ပြန်လည်ဖျက်ဆီးနေခြင်းပင်ဖြစ်ပါကြောင်း လျှောက်ထားစာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

သို့ဖြစ်ပါ၍ ဘုန်းကြီးအတုများဖန်တီးကာ သင်္ကန်းဝတ် များဖြင့် အကြမ်းဖက်လုပ်ဆောင်နေခြင်းများအား မည်သည့်အဖွဲ့စည်း မည်သည့်ပုဂ္ဂိုလ်က ကျူးလွန် သည်ဖြစ်ပါစေ သာသနာအရေးမြော်တွေးတော်မူကြလျက် လျင်လျင်မြန်မြန် တားမြစ်ပေးတော်မူကြပါရန်ဘုရားတပည့်တော်များ သံဃသမဂ္ဂအဖွဲ့ကခြေတော်စုံဦးခိုက်၍ ရိုသေစွာလျှောက်ထားလိုက်ပါ သည် ဆရာတော်သံဃာတော်အရှင်မြတ်တို့ဘုရားဟု ရေးသားလျှောက်တင်ထားသည်။

အဆိုပါစာအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သို့လိပ်မူပြီး ပေးပို့ဆပ်ကပ်သွားမည်ဟု သံဃသမဂ္ဂ ( မန္တလေး )က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။