Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်တွင် ​လောင်ကစားလုပ်ငန်းများရပ်ကြရန်၊ မရပ်လျှင်အ​ရေးယူမည်ဟု ညီ​နောင်မဟာမိတ်များတိုက်တွန်း

ရပ်တန်းက မရပ်ဘဲ ဆက်လက် လုပ်​ဆောင်ကြပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်များက ပြည်သူလူထုအကျိုး ရှေးရှုကာ သတိပေးလိုက်သည်ဟု သတိပေးကြေညာချက်တွင် ရေးသားထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း နှင့် ဂျင်ဝိုင်းအစရှိသော လောင်း ကစား လုပ်ငန်းများ ရပ်တန်းကရပ်ကြရန်နှင့် မရပ်ဘဲ ဆက်လက် လုပ်​ဆောင်ကြပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မုံရွာအခြေစိုက်ညီနောင်မဟာမိတ်များက သတိပေးလိုက်သည်။

မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ အထူးသဖြင့် မုံရွာမြို့နယ်တောင်ပိုင်းရှိ မြေနဲ၊ မင်းရွာ၊ တောင်ကုန်း၊ ကူတော့ပုလင်၊ တောင်ပေါ်၊ နိဗ္ဗာန်ဝ ၊ ဗန်စီ နှင့် မုံရွေး၊ ကြေးမုံ ကျေးရွာများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း နှင့် ဂျင်ဝိုင်းများ ဖွင့်ကာ လောင်းကစားလုပ်ငန်းများ ပြုလုပ်နေကြသည်ဟု သတင်းအတိအကျ သိထားကြောင်း၊အထက်ပါ လောင်းကစားလုပ်ငန်းများ ရပ်တန်းက ရပ်ကြရန် မုံရွာအခြေစိုက်ညီနောင်မဟာမိတ်များက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတိပေးခဲ့ခြင်းဖြစ်သည်။

ရပ်တန်းက မရပ်ဘဲ ဆက်လက် လုပ်​ဆောင်ကြပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်များက ပြည်သူလူထုအကျိုး ရှေးရှုကာ သတိပေးလိုက်သည်ဟု သတိပေးကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါကျေးရွာများအပြင် မုံရွာမြို့ပေါ်တွင်လည်း လောင်းကစားဝိုင်းများပြုလုပ်မှုများရှိနေပြီး လမ်းသွားလမ်းလာများအတွက် အနှောင့်အယှက်ဖြစ်စေကြောင်း၊ လောင်းကစားဝိုင်းများအပြင် ခိုးဆိုးလုယက်ဖြစ်စဥ်များလည်း ပိုမိုဖြစ်ပွားလာကြောင်း မုံရွာနယ်ခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က တောပုပျူစောထီး ကျေးရွာကို PDF ပူး ပေါင်းတပ်တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ‌ ‌‌ နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူး ပြောက်ကြားတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

မိုင်းများပေါက်ကွဲမှုကြောင့် ကင်းလာစောင့်သည့် စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာပကဖ၏ တာဝန်ရှိသူက ဆိုသည်။

သတင်း

ကျင်သီတံတားကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် နန့်စလပ်တပ်စခန်းတွင် စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ချိန်၌ဝှက်ထားခဲ့သောလက်နက်ခဲယမ်းများကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့​ကြောင်းလည်းသိရသည်။