Connect with us

Hi, what are you looking for?

News

ဖမ်းခံရသည့် ပြည်သူများအားလွှတ်ပေးရန် တောင်းဆိုညှိနှိုင်းသည့် BGF ​လေးဦးကို စစ်ကောင်စီ သတ်ဖြတ်ဟု KNDF ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် မိုဆိုကျေးရွာနေ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊ ဖရူဆိုမြို့နယ်နေ ပြည်သူများ စစ်ဘေး လွှတ်ရာသို့ ထွက်ပြေးသိမ်းရှောင် နေရကြောင်း ဖော်ပြ သည်။

ဓာတ်ပုံ - KNDF

အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကရင်နီဒေသခံ ပြည်သူလူထုများကို ပြန်လွှတ် ပေးရန် တောင်းဆိုညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)မှ တပ်ဖွဲ့ဝင် ​လေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များမှ မိုဆိုကျေးရွာအနီး ကင်းစခန်းချထားသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်လေးဦးကို ကြိုးတုပ်ကာ ဦးခေါင်းများကိုပစ်ခွဲ ကွပ်မျက်ခဲ့ကြောင်း၊ ကွပ်မျက်ခံရသော နယ်ခြား‌စောင့်တပ်သား ​လေးဦးမှာ ဖမ်းဆီးခံရသော ပြည်သူများကို ပြန်လွှတ်ပေးရန် တောင်းဆိုညှိနှိုင်းစဥ် ရက်စက်စွာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကရင်နီဒေသ၌ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့စည်းထားသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ဒန်ပါကား သုံးစီးနှင့် ကားငယ်သုံးစီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် ငါးစီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကလေးအပါအဝင် ကျေးရွာနေ ပြည်သူ ၁၀ဦးကို ဖမ်းဆီးသွားသည်ဟု KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် မိုဆိုကျေးရွာနေ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊ ဖရူဆိုမြို့နယ်နေ ပြည်သူများ စစ်ဘေး လွှတ်ရာသို့ ထွက်ပြေးသိမ်းရှောင် နေရကြောင်း ဖော်ပြ သည်။

လွိုင်ကော်မြို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ဘာဒိုကျေးရွာနေပြည်သူများ နှစ်ဦးလက်နက်ကြီးထိမှန်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ကြောင်း၊လက်နက်ကြီးထိမှန်မှုကြောင့် ဘာဒိုနှင့် နာနတ်တောရပ်ကွက်များ၌ နေအိမ်များပျက်စီးခဲ့ကြောင်း KNDFက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook