Connect with us

Hi, what are you looking for?

News

ကရင်နီပြည်သူ ၄၀ခန့်အား စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်မှုအပါ် တရားမျှတမှုရရေးဆောင်ရွက်မည်ဟု KSCC ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီမှ ကရင်နီပြည်သူလူထုများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် ရှုတ်ချ ကန့်ကွက်ခြင်းနှင့်ပတ်သက်ပြီး KSCCက အရေးပေါ်သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(မိုဆိုရွာအနီးတွင် ဒေသခံများ၏ ကားများကို စစ်ကောင်စီတပ်က မီရှို့ဖျက်ဆီးနေသည်ကို ယမန်နေ့က တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

▪️စစ်ကော်စီ၏ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် အရေးယူနိုင်ရေး အချိန်နှင့်တပြေးညီ ကြိုးပမ်းပေးရန် နိုင်ငံတကာထံ တောင်းဆို

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် အပြစ်မဲ့ ရွာသူ၊ ရွာသား ၃၅ဦးကို စစ်ကောင်စီတပ်က မီးရှို့ သတ်ဖြတ်ခြင်းအပါအဝင် ဒီဇင်ဘာ ၂၄ရက်တစ်ရက်တည်း ကရင်နီ ပြည်နယ်သား ၄၀ဦးခန့်အား လူမဆန်စွာ သတ်ဖြတ်ခဲ့ခြင်းအပေါ် တရားမျှတမှုရရှိသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်ကောင်စီမှ ကရင်နီပြည်သူလူထုများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပေါ် ရှုတ်ချ ကန့်ကွက်ခြင်းနှင့်ပတ်သက်ပြီး KSCCက အရေးပေါ်သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ရက်က မိုဆိုရွာအနီးစစ်ကြောင်းထိုးလားသည့် စစ်ကောင်စီ၏ တပ်မ(၆၆)၊ ခမရ(၁၀၈) ဦးဆောင် စစ်ကြောင်းအား ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးခြင်းအပြင် ၎င်းတို့၏ လုပ်ရပ်ကို တားမြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦးကို ကြိုးတုတ် ဖမ်းဆီးပြီး ဦးခေါင်းများအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KSCC၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အပြစ်မဲ့ရွာသား ၃၅ဦးကျော်ကို အဓမ္မ ဖမ်းဆီးပြီး ဒန်ပါကား သုံးစီး၊ ကားငယ် သုံးစီး၊ ထော်လာဂျီနှင့် ဆိုင်ကယ် ငါးစီးနှင့်အတူ မီးရှို့သတ်ဖြတ် ဖျောက်ဖျက်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းမတိုင်ခင်ကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူသေဆုံးမှု အိုးအိမ်များ ပျက်စီးဆုံးရှုံးရမှု ဖြစ်စဉ်များ ရှိခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၂၄ရက် တစ်ရက်တည်းတွင် အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များ အပါအဝင် ကရင်နီပြည်နယ်သား ၄၀ခန့်အား အကြောင်း မဲ့လူမဆန်စွာ သတ်ဖြတ်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုန်းသတ်ဖြတ်မှုအား ပြောင်ပြောင်တင်းတင်း ကျူးလွန် လာခြင်းပင်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်သည့် လုပ်ရပ်များအတွက် ဖိနှိပ်ခံပြည်သူများနှင့်အတူ နာကျင်ကြေကွဲဝမ်းနည်းရကြောင်း KSCCက ဖော်ပြသည်။

ထို့ကြောင့် KSCCအနေဖြင့် စစ်ကောင်စီ၏ လူမျိုးတစ်မျိုးအပေါ် မတရားဖိနှိပ်ညှင်းပန်းသတ်ဖြတ်နေသည့် လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည့်အပြင် လူထုအတွက် တရားမျှတမှုရရှိသည်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံးအနေဖြင့်လည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ဤကဲ့သို့လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် လူသားချင်းစာနာ ထောက်ထားမှုဖြင့် တရားမျှတမှုရှိရှိ အရေးယူနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ အလေးအနက်ထားလျက် ကြိုးပမ်းဆောင်ရွက်ပေးသင့်ကြောင်း KSCCက ထုတ် ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။