Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် အရပ်သားများအစုလိုက် မီးရှို့သတ်ဖြတ်ခဲ့မှု စစ်ကောင်စီက သက်သေဖျောက်ရန်ကြိုးပမ်းနေဟု KNDF ပြော

တစ်ဖက်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းအမှုနှင့်စပ်ဆိုင်သော သက်သေအထောက်အထားများကို ဖျောက်ဖျက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး၊ အခင်းဖြစ်ပွားရာ နေရာသို့ သက်သေအထောက်အထားများ လာရောက်စုစည်းသူများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။

(ဒီဇင်ဘာ၂၄ရက်က ​ဒေသခံပြည်သူ ၃၅ဦးကို စစ်​ကော့်စီတပ်သားများက မီးရှို့သတ်ဖြတ်ပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားများကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်သေများ ဖျောက်ဖျက်ရန် ကြိုးပမ်းနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်ခဲ့ပြီး ပြည်သူ များအနေဖြင့် သက်သေအထောက်အထားများ သိရှိရပါက ဆက်သွယ်ပေးပို့ရန် မေတ္တာရပ်ခံခဲ့သည်။

ဒီဇင်ဘာ ၂၄ရက်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ကအရပ်သားပြည်သူ ၃၅ဦးကို ဖမ်းဆီးပြီး ကားပေါ်တင်မီးရှို့ခဲ့သည့်အပြင် ယင်းပြည်သူများကို ပြန်လွှတ်ပေးရန် သွားရောက် ညှိနှိုင်းသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင် ​လေးဦးကိုလည်း စစ်ကောင်စီတပ်များက ဦးခေါင်းများကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်မှ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဦးဆောင်သည့် တပ်ဖြစ် သည်။

ထိုသို့ မီးရှို့သတ်ဖြတ်ခဲ့မှု အပေါ် KNDF အနေဖြင့် ကရင်နီပြည်ရဲဌာန (Karenni Sate Police)နှင့်အတူ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များနှင့်ပူးပေါင်း၍ အရေးယူ ဆောင်ရွက်မှုများနှင့် တရားမျှတမှုရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း KNDFက ထုတ်ပြန်သည်။

တစ်ဖက်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းအမှုနှင့်စပ်ဆိုင်သော သက်သေအထောက်အထားများကို ဖျောက်ဖျက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန်ကြိုးစားလျက်ရှိပြီး၊ အခင်းဖြစ်ပွားရာ နေရာသို့ သက်သေအထောက်အထားများ လာရောက်စုစည်းသူများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လတ်တလောအခြေအနေအရ အဆိုပါ ဒေသသို့ သက်သေစုဆောင်းမည့်သူများ ဝင်ရောက်ရန် အခက်ကြုံနေသကဲ့သို့ စစ်ကောင်စီတပ်များ အလွယ်တကူ မဝင်နိုင်ရန် ကရင်နီတပ်ဖွဲ့က နေရာယူထားကြောင်း၊ အင်အားအလုံးအရင်းဖြင့်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်လာပါက ကရင်နီတပ်ဖွဲ့များအနေဖြင့် တားနိုင်မည်မဟုတ်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ ကျွန်တော်တို့လည်း တက်နိုင်သလောက် ဒီအလောင်းတွေရဲ့ မှတ်တမ်းတွေ ယူနိုင်ဖို့ ကြိုးစားနေတယ်”ဟု ၎င်းက ပြောသည်။

ထိုစိတ်မချမ်း‌မြေ့ဖွယ်အမှုနှင့်ပတ်သက်၍ သက်သေအထောက်အထားများကိုစုစည်းခြင်းနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များကိုရယူခြင်းများကို KNDF နှင့် ကရင်နီပြည်ရဲဌာန (KSP) တို့မှလုပ် ဆောင် လျက်ရှိ၍ ပြည်သူများမှ သက်သေအထောက်အထားများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိ ပါက KNDF ၏ facebook page နှင့် Singnal နံပတ်များသို့ဆက်သွယ်‌ပေးပို့ကြပါရန် မေတ္တာရပ်ခံခဲ့ ပြီး +959794888807,+959774810684 စသည့် နံပတ်များကို ဆက်သွယ်ပေးရန် အသိပေးထားသည်။

အထူးသဖြင့် ရက်စက်စွာ အသတ်ဖြတ်ခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့် မျက်မြင် သက်သေများကို အထူးဖိတ်ခေါ်လိုပြီး ထိုအမှုခင်းထဲတွင် ကံဆိုးစွာ ပါသွားခဲ့သော မိမိတို့၏ ဆွေမျိုး၊မိဘ၊ညီအကို၊ မောင်နှမ၊ သားသမီးများ၏ အမည်များနှင့်အချက်အလက်များကို ဆက်သွယ်ပေးပို့ကြပါရန် စိတ်မကောင်းစွာဖြင့် မေတ္တာရပ်ခံတောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook