Connect with us

Hi, what are you looking for?

LuduNwayOo

News

နာမည်​ကျော်သရုပ်​ဆောင် ပိုင်တံခွန် ၂၀၂၁အတွက် ကမ္ဘာ့အချောဆုံး အမျိုးသားဆုရရှိ

ပိုင်တံခွန်သည် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်သူနဲ့အတူ ရပ်တည်၍ ဆန္ဒပြသည်ဆိုကာ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဧပြီအတွင်းဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက မတရားပုဒ်မတပ်ပြီး ထောင်ဒဏ်သုံးနှစ်ချခံထားရသည့် နာမည်​ကျော် သရုပ်​ဆောင် ပိုင်တံခွန်သည် TC Candler က ရွေးချယ်သည့် ၂၀၂၁အတွက် ကမ္ဘာ့အချောဆုံးအမျိုးသားဆု ရရှိခဲ့​ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်အသိ​ပေးထားသည်။

ပိုင်တံခွန်သည် ဟောလိဝုဒ်၊ ​ဘောလိဝုဒ်နှင့် K-Pop အနုပညာရှင်များကို ​ကျော်ဖြတ်၍ ဆုရရှိခဲ့ခြင်း ဖြစ် သည်။

ဆုကြေညာသည့် ဗီဒီယိုဖိုင်တွင် ပိုင်တံခွန်ကို နိုင်ငံ​ရေးအကျဥ်းသားအဖြစ်မှ လွတ်မြောက်ရန်လည်းဆု တောင်းပေးထားသည်ကိုလည်း တွေ့ရသည်။

TC Candler က ၂၀၂၁ အတွက် အချောဆုံးအမျိုးသားဆုရှင် ၁၀၀ ကို ယ​နေ့နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါရွေးချယ်မှုကို ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး အနုပညာရှင်များ ပါဝင်ပြီး ပိုင်တံခွန်က နံပါတ် ၁ နေရာကိုရရှိခဲ့ခြင်း ဖြစ်သည်။ ပိုင်တံခွန်သည် ၂၀၂၀ ကလည်း အဆိုပါစာရင်းတွင် ပါဝင်ခဲ့ဖူးပြီး အဆင့် နံပါတ် ၁၀ ရရှိခဲ့သည်။

ပိုင်တံခွန်ကို အာဏာသိမ်းစစ်ကောင်စီက မတရားပုဒ်မ ၅၀၅-က ဖြင့် ယမန်​နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

ပိုင်တံခွန်သည် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်သူနဲ့အတူ ရပ်တည်၍ ဆန္ဒပြသည်ဆိုကာ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဧပြီအတွင်းဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

TC Candlerသည် ဖျော်ဖြေရေး ဝက်ဆိုဒ်တစ်ခုဖြစ်ပြီး ၁၉၉၀က စတင်၍ အထက်ပါဆုရွေးချယ်ခြင်းကို နှစ်စဥ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မနက် ၁၁ နာရီဝန်းကျင်မှာ နေအိမ်ကနေ ကွမ်းယာဝယ်ဖို့ ထွက်လာချိန် ဂုံးကျော်တံတားအလယ်မှာ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့ သိရပါတယ်။

သတင်း

အလောင်းတွေ့တဲ့နေရာဟာ မြရည်နန္ဒာ အိမ်ရာ အရှေ့ဘက် ၁၂၀ လမ်း နဲ့ သန့်ဇင်ကုန်းကျေးရွာဒေါင့် မှာ ဒီမနက် ၁၀ နာရီဝန်းကျင်က တွေ့ခဲ့ရတာပါ။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုသိမ်ကြီးမြို့နယ် သမ္မတော ကျေးရွာအနီး လယ်ကွင်းတစ်နေရာမှာ အသတ်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးအလောင်းတွေ့ရှိခဲ့ပါသေးတယ်။

သတင်း

လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်​ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။