Connect with us

Hi, what are you looking for?

သတင်း

လဲချားမြို့လယ်တွင်အမျိုးသားတစ်ဦး​သေနတ်ပစ်ခံရ၍​သေဆုံး

လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်​ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။

(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

ရှမ်းပြည်နယ်တောင်ပိုင်းလဲချားမြို့တွင် မြို့ပေါ်လူစည်ကားရာနေရာ၌ ယနေ့(ဇွန်လ ၁၅ရက်) နံနက်ကလူတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း​ဒေသခံများက​ပြောသည်။

ယနေ့နံနက် ၉ နာရီ ၁၅မိနစ်ခန့်တွင် လဲချားမြို့ ဈေး လမ်းဆုံ၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

“လူက နွမ်းနွမ်းပါးပါးပုံစံပဲ။ လမ်းကူးနေတုန်းကားပေါ်ကနေ အပစ်ခံရတာ။ ကားကထွက်ပြေးသွားတယ်” ဟု လဲချားမြို့မှ ဒေသခံတစ်ဦးကပြောသည်။

(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ခန့်အရွယ်ဟု သိရသည်။ သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး သေဆုံးသွားခြင်းဟု ဖြစ်စဥ်ကိုမြင်​တွေ့ခဲ့​သော​ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မည်သူက ၊မည့်သည့်အဖွဲ့က ပစ်ခတ်သည်ဆိုခြင်းနှင့်နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်​ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။

Public Service Announcement
Public Service Announcement

အ​ကြောင်းမှာလဲချားမြို့နယ်ရှိ SSPP/SSAယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ယခုလအတွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ထားသည်။လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နှင့် ဇွန်လ ၁၁ရက်တွင် အကြောင်းကြားလာခြင်းဖြစ်ပြီး SSPP ဘက်က လက်မခံ၍ စစ်ရေးတင်းမာနေသည်ဟု သိရသည်။ထို့ကြောင့် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အားရာနှင့် ချီ ဖြည့်ထားကြောင်း SSPPကထုတ်ပြန်ထားသည်။

“ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ်ထွက်ပေး လို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို လာကပ်ထားတယ် ။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”ဟု လဲချားဒေသရှိ SSPP/SSA အရာရှိတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။