Connect with us

Hi, what are you looking for?

News

ဂန့်​​ဂေါတွင် စစ်​ကောင်စီတပ် မိုင်းဆွဲခံရပြီး မိုင်းကျွမ်း ကျင်သူအပါအဝင် သုံးဦး​သေ၊ အများအပြားဒဏ်ရာရဟုYDF ထုတ်ပြန်

“ထုတ်ပြန်ချက်မှာပါတဲ့ မိုင်းဆရာ စွန်ရဲဆိုတာ ဒင်းတို့ရဲ့ ဝေါကီတော်ကီကြီးနဲ့ အော်ပြီးသတင်းပို့တဲ့အသံကြားလို့ သိတာပါခင်ဗျာ။အရေးတော်ပုံအောင်နေပြီ”ဟု YDF က လူထုအား အသိပေးထားသည်။

ဂန့်ဂေါနယ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှမိုင်းကျွမ်းကျင်သူအပါအဝင် သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ၂၇ ရက်) နေ့လည် သုံးနာရီ ဝန်းကျင်တွင် ဂန်ဂေါ်မြို့ မြောက်ဘက် မိုင်တိုင်အမှတ် ၁၇/၁ နှင့် ၁၈/၁ ကြား စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို YDF-GANGAW တပ်ရင်း – ၄ – မှ တပ်ရင်းမှူး ဧက္ကရာဇ်မုန်တိုင်း ဦးဆောင်သော တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ မိုင်းဆရာ စွန်ရဲ အပါအဝင် သုံးဦးသေဆုံးပြီး အများ အခြား ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း YDF က ထုတ်ပြန်ထားသည်။

“ထုတ်ပြန်ချက်မှာပါတဲ့ မိုင်းဆရာ စွန်ရဲဆိုတာ ဒင်းတို့ရဲ့ ဝေါကီတော်ကီကြီးနဲ့ အော်ပြီးသတင်းပို့တဲ့အသံကြားလို့ သိတာပါခင်ဗျာ။အရေးတော်ပုံအောင်နေပြီ”ဟု YDF က လူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ် လေးကေကော်နှင့် ကရင်နီပြည်နယ် ဖရူဆိုကို လေကြောင်းပါသုံး၍ အကြမ်းဖက်နေသည့်စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ကလေး၊ တန့်ဆည်နှင့် မကွေးတိုင်း ယောနယ်ကိုလည်း နည်းမျိုးစုံသုံး၍ တိုက်ခိုက်နေသည်။ သို့သော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ထိထိရောက်ရောက်ခုခံတော်လှန်နေ၍ အကြမ်းဖက်စစ်ကောင်စီဘက်က အထိနာ‌နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook