Connect with us

Hi, what are you looking for?

News

ဂန့်​​ဂေါတွင် စစ်​ကောင်စီတပ် မိုင်းဆွဲခံရပြီး မိုင်းကျွမ်း ကျင်သူအပါအဝင် သုံးဦး​သေ၊ အများအပြားဒဏ်ရာရဟုYDF ထုတ်ပြန်

“ထုတ်ပြန်ချက်မှာပါတဲ့ မိုင်းဆရာ စွန်ရဲဆိုတာ ဒင်းတို့ရဲ့ ဝေါကီတော်ကီကြီးနဲ့ အော်ပြီးသတင်းပို့တဲ့အသံကြားလို့ သိတာပါခင်ဗျာ။အရေးတော်ပုံအောင်နေပြီ”ဟု YDF က လူထုအား အသိပေးထားသည်။

ဂန့်ဂေါနယ်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှမိုင်းကျွမ်းကျင်သူအပါအဝင် သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ၂၇ ရက်) နေ့လည် သုံးနာရီ ဝန်းကျင်တွင် ဂန်ဂေါ်မြို့ မြောက်ဘက် မိုင်တိုင်အမှတ် ၁၇/၁ နှင့် ၁၈/၁ ကြား စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို YDF-GANGAW တပ်ရင်း – ၄ – မှ တပ်ရင်းမှူး ဧက္ကရာဇ်မုန်တိုင်း ဦးဆောင်သော တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ မိုင်းဆရာ စွန်ရဲ အပါအဝင် သုံးဦးသေဆုံးပြီး အများ အခြား ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း YDF က ထုတ်ပြန်ထားသည်။

“ထုတ်ပြန်ချက်မှာပါတဲ့ မိုင်းဆရာ စွန်ရဲဆိုတာ ဒင်းတို့ရဲ့ ဝေါကီတော်ကီကြီးနဲ့ အော်ပြီးသတင်းပို့တဲ့အသံကြားလို့ သိတာပါခင်ဗျာ။အရေးတော်ပုံအောင်နေပြီ”ဟု YDF က လူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ် လေးကေကော်နှင့် ကရင်နီပြည်နယ် ဖရူဆိုကို လေကြောင်းပါသုံး၍ အကြမ်းဖက်နေသည့်စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ကလေး၊ တန့်ဆည်နှင့် မကွေးတိုင်း ယောနယ်ကိုလည်း နည်းမျိုးစုံသုံး၍ တိုက်ခိုက်နေသည်။ သို့သော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ထိထိရောက်ရောက်ခုခံတော်လှန်နေ၍ အကြမ်းဖက်စစ်ကောင်စီဘက်က အထိနာ‌နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။